ချစ်ရမ္မက်နွံ(part6)

286 19 0
                                    

ဧည့်ခန်းထဲကဆိုဖာပေါ်တွင်၂ဦးသားတိတ်ဆိတ်နေလေသည်။

ကြည်းမြကအချိုတည်းဖို့အသီးပန်းကန်နဲ့အအေးကိုလာပို့တော့မှစကားသံတို့ထွက်လာခဲ့လေသည်။

''ကမ္ဘာကြည်းမြကအချိုတည်းဖို့တဲ့အအေးနဲ့ပန်းသီးလာပို့ထားတယ်..ရော့..ဟ...''

''ရှင်...''

''ပါးစပ်ဟ..ဦးခွံ့ပေးမယ်ကလေး..''
ကမ္ဘာပါးစပ်ကိုဟလိုက်ပြီးဦးခွံ့ကျွေးတဲ့ပန်းသီးစိပ်လေးအားတစ်ကိုက်ကိုက်လိုက်သည်။

''ချိုလားကလေး..''

''အွန်း..ချိုတယ်...''

''ကမ္ဘာလေးအချိုရည်လည်းသောက်ပါအုန်း..''

ဦးကမ်းပေးလာတဲ့အချိုရည်ကိုကမ္ဘာယူလိုက်ပြီးပိုက်ကလေးနဲ့သောက်လေသည်။

''ဦးအချိုရည်သောက်လို့ကောင်းလိုက်တာ...ကမ္ဘာကြိုက်တယ်...''

''နာနတ်ဖျော်ရည်ကြိုက်တာလားကလေးငယ်..''

ကမ္ဘာအားကလေးငယ်ဟုခေါ်လိုက်တဲ့ဦးကြောင့်ပြုံးမိသွားတော့သည်။
''ဟုတ်ကမ္ဘာကနာနတ်သီးဆိုအရမ်းကြိုက်တာလေနာနတ်ဖျော်ရည်ဆိုပိုလို့တောင်ကြိုက်တာဦးရဲ့..ဒါနဲ့ဦးခနကကမ္ဘာ့ကိုကလေးငယ်လို့ဘာလို့ခေါ်တာလဲဟင်...''

ကြယ်ကတော့မိမိစိတ်ထဲမှာခေါ်ချင်သည့်နာမ်စားအားနှုတ်မှခေါ်မိလေသောကြောင့်ကမ္ဘာသိသွားပြီးသူ့အားပြန်မေးနေတော့ကြယ်ဘယ်လိုပြန်ဖြေရမှန်းမသိဖြစ်နေခဲ့သည်။

ကမ္ဘာကတော့ကြယ့်အားပြုံးယောင်ယောင်နဲ့ပင်ကြည့်နေခဲ့သည်။

''ဦးကမ္ဘာကိုကလေးငယ်လို့ခေါ်တာကမ္ဘာကဦးထက်အသက်အများကြီးငယ်လို့လေ..ကမ္ဘာအဲလိုခေါ်တာမကြိုက်ရင်ဦးမခေါ်...''

''ကမ္ဘာကြိုက်တယ်ဦးဆီကကလေးငယ်လို့ခေါ်တဲ့အသံကိုကမ္ဘာသဘောကျတယ်..ဦးအဲလိုလေးဘဲကမ္ဘာကိုခေါ်ပေးပါနော်..''

''ကလေးငယ်ကြိုက်ရင်ဦးအဲလိုဘဲခေါ်တော့မယ်နော်...''

''ဟုတ်ဦး..''

''ကလေးငယ်အိမ်ကကလေးကိုစိတ်မပူဘူးလား..''

''ဘာလို့လဲဦးရဲ့...ကမ္ဘာဦးအိမ်မှာရှိနေတာအနှောင့်ယှက်ဖြစ်လို့လားဟင်...''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now