ချစ်ရမ္မက်နွံ(part14)

271 15 0
                                    

ဆေးရုံ၏vip roomထဲတွင်....

ကုတင်ထက်တွင်မေ့မျောနေသောလူတစ်ဦး

သူ၏လက်တစ်ဖက်ကိုဆုပ်ကိုင်ထားသောမိန်းကလေးမှာစိုးရိမ်ခြင်းကြီးစွာနဲ့သူသတိရလာမှာကိုစောင့်မျှော်နေခဲ့သည်။

*မောင်အမြန်သတိရလာပါတော့မျက်ရှင်မှားခဲ့တာတွေအတွက်မောင့်ကိုတောင်းပန်ချင်ပါတယ်မောင်ရယ်...အမြန်သတိရလာပါတော့နော်...*

''အင်းးး..ဟင်းးး.ရေ..ရေ..ပေး..''

''မောင်သတိရလာပြီး..မောင်..''

''ရေ..ရေပေးပါ...''

မျက်ရှင်စားပွဲပေါ်မှရေကရားထဲကရေကိုခွက်နဲ့ထည့်ယူပြီးနှုတ်ခမ်းနားကိုပိုက်ဖြင့်တေ့ပေးလိုက်လေသည်။

ရေငတ်နေတာကြောင့်ရေကိုအငမ်းမရသောက်နေသောကြယ့်မှာရေသောက်ပြီးတော့ပြန်လည်အိပ်ပျော်သွားလေသည်။

မျက်ရှင်ချစ်ရသူရဲ့နဖူးလေးကိုနမ်းရှိုက်ပြီးလက်ကလေးကိုပြန်လည်ဆုပ်ကိုင်ထားလေသည်။

''သမီးကမ္ဘာ....သမီးတံခါးဖွင့်ပါအုန်း..သမီး..''

ချပ်!!!

''ဦးဆန်း...ဦးရောဟင်ဦးသတိရလာပြီးလား..''

''သမီး..ဓူ၀ံကြယ်အခုထိသတိမရသေးဘူး..''

''ဦးသတိပြန်ရမှသမီးခွဲစိတ်မယ်..''

''သမီးရယ်...''

''ပြောစရာမရှိတော့ရင်ကမ္ဘာအိပ်တော့မယ်..''

ဦးဆန်းတင်မှာသူမဖြစ်သူကဓူ၀ံကြယ်သတိမရသေးရင်ခွဲစိတ်မှုကိုမပြုလုပ်နိုင်ဘူးဟုပြောလာခဲ့တာကြောင့်သူမဖြစ်သူအတွက်ခွဲစိတ်ဖို့ကိုရက်ရွှေ့ပေးနေရသည်မှာ၁လပင်ပြည့်တော့မည်။

မျက်လုံးအလှူရှင်တွေကတော့အချိန်တိုင်းမရနိုင်ဘူးလေ..ဒီတခါသူမဖြစ်သူကိုဖြောင်းဖျပြောဆိုပြီးခွဲစိတ်မှဖြစ်တော့မည်။

ဒေါက်!!ဒေါက်!!ဒေါက်!!

''သမီးလေးကမ္ဘာ..သမီးကလိမ္မာပါတယ်ကွယ်..သမီးမျက်လုံးခွဲစိတ်ပြီးရင်သမီးပြန်မြင်ရပြီးပေါ့သမီးတွေ့ချင်တဲ့''ဦး''မျက်နှာကိုလည်းတွေ့ရတော့မှာလေ...သမီးကမ္ဘာဓူ၀ံကြယ်သမီးဒီလိုဆိုးသွမ်းနေရင်သူချစ်တော့မှာမဟုတ်ဘူးနော်..''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now