ချစ်ရမ္မက်နွံ(part32)

214 12 0
                                    

မနက်မိုးလင်းတော့ကြယ်အရင်ဆုံးနိုးလာခဲ့လေသည်။

မျက်ရှင်ကိုကြ်ည့လိုက်တော့အိပ်နေဆဲဖြစ်တာကြောင့်မနှိုးရက်ပေ။ကြယ်ကိုယ်လက်သန့်စင်ပြီးအိမ်အောက်ထပ်ကိုဆင်းလာခဲ့လေသည်။ထုံးစံအတိုင်းအိမ်နောက်ဘက်ကပန်းခင်းဆီကိုသွားကပန်းပင်လေးများကိုရေပေးလေသည်။ကြယ်ပန်းလေးတွေကိုရေပေးပြီးတော့အိမ်ဘက်ဆီကိုပြန်ထွက်လာခဲ့လေသည်။

ဒီနေ့ကပိတ်ရက်ဖြစ်တာကြောင့်အေးအေးဆေးဆေးပင်

ကြည်းမြကတော့မနက်စာပြင်နေလေသည်။

''ကြည်းမြဟိုကောင်လေးမနိုးသေးဘူးလား''

''မနိုးသေးဘူးသားရေကလေးကညကအိပ်ဆော့လိုက်တာလွန်ရောကြည်းမြတောင်ညနက်မှအိပ်ပျော်ရတာ...''

''ဟုတ်လား..ကျနော်ကြည်းမြကိုအိပ်ရေးပျက်အောင်လုပ်မိပြီးထင်တယ်...''

''မဟုတ်ပါဘူးကွယ်..ကလေးကငယ်သေးတော့အိပ်ဆော့တတ်တာမဆန်းပါဘူး..ကြည်းမြတောင်အဲကလေးကိုသံယောဇဥ်တွယ်နေမိပြီး...ဒါနဲ့သားအဲကလေးကိုဘယ်ကနေခေါ်လာတာလဲသူ့မိဘတွေရောရှိသေးလား..''

''သားအဲကလေးကိုအဲကိစ္စကိုညကတည်းကမေးမလို့ပါဘဲညို့မျက်ရှင်နဲ့ပြသာနာတက်နေလို့မမေးဖြစ်တော့တာ...''

''သားတို့၂ယောက်လည်းဘာလို့အချိန်တိုင်းရန်ဖြစ်နေရတာလဲကွယ်...နားလည်မှုရှိပြီးနေကြပါလား..''

''ကျနော်နားလည်ပေးနိုင်ပေမယ့်သူမကကျနော့်ကိုနားမလည်ပေးနိုင်ဘူးအရာရာမှာလိုက်ပြီးချုပ်ချယ်ချင်နေတာ...ပြီးတော့ကျနော့်ကိုအယုံအကြည်မရှိဘူး...ကျနော်တို့ကပေါင်းစပ်လို့မရတဲ့ဆီနဲ့ရေလိုဘဲကြည်းမြ...ကျနော်သည်းမခံနိုင်တော့ရင်သူနဲ့ကွာရှင်းတော့မှာ...''

''သားရယ်လင်နဲ့မယားဆိုတာလျှာနဲ့သွားလိုပါဘဲကွယ်..သားကဘဲသည်းခံခွင့်လွှတ်ပေးလိုက်ပါနော်...ကွာရှင်းဖို့တော့မတွေးပါနဲ့သားရယ်...ညို့မျက်ရှင်မှာသားရဲ့ရင်သွေးလေးရှိနေတယ်လေ..လူမဖြစ်သေးတဲ့သားရဲ့ရင်သွေးကိုငဲ့ကွက်ပြီးညို့မျက်ရှင်ကိုကွာရှင်းဖို့မကြိုးစားပါနဲ့ကွယ်...''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now