ချစ်ရမ္မက်နွံ(part55)

234 10 0
                                    

ဆေးခန်းပြပြီးတော့ကြယ်ကမျက်ရှင်ကိုအိမ်သို့ပြန်လိုက်ပို့ပေးလေသည်။လမ်းတွင်သူမကြယ့်ကိုစိုက်ကြည့်နေလေသည်။

သူမတစ်ခုခုပြောချင်နေဟန်ပေါ်သည်။ကြယ်သူမဘာပြောမလဲဆိုတာကိုစောင့်မျှော်နေမိသည်။နောက်တော့သူမဆီမှမောင်ဟူသည့်စကားသံထွက်ပေါ်လာသည်။

''မောင်...''

''ပြောလေမျက်ရှင်''

''တကယ်လို့မျက်ရှင်နဲ့ကလေးကိုရွေးရမယ်ဆိုရင်မောင်ကလေးတွေကိုဘဲရွေးပေးပါနော်...''

ထူးဆန်းလှသည့်သူမစကားကြောင့်ကြယ်ကားကိုလမ်းဘေးတစ်နေရာသို့ထိုးရပ်လိုက်လေသည်။

''မျက်ရှင်ခနကစကားကဘာအဓိပ္ပာယ်လဲ...ငါနားမလည်ဘူး..မင်းနဲ့ကလေးကိုရွေးရမယ်ဆိုရင်ကလေးကိုရွေးဆိုတာဘာလဲ...''

''မျက်ရှင်ညတုန်းကအိမ်မက်မကောင်းဘူးမောင်...မျက်ရှင်တို့ကလေးလေးသေသွားတယ်တဲ့မောင်...''

သူမပြောရင်းငိုကြွေးလေသည်။ကျနော်သူမပုခုံးကိုကိုင်ကာသူမကိုယ်လေးကိုရင်ခွင်ထဲမှီခိုကာငိုကြွေးစေသည်။

''အိမ်မက်တစ်ခုကိုစွဲလန်းစိတ်ထားတာမင်းဘဲသောကရောက်ရတယ်..အိမ်မက်ကအိမ်မက်ပါဘဲအပြင်မှာတကယ်မဖြစ်နိုင်ပါဘူးမေ့ထားလိုက်ပါနော်...''

''မောင်မျက်ရှင်မောင့်ကိုသိပ်ချစ်တယ်...မျက်ရှင်ကိုမောင်မချစ်နိုင်ရင်တောင်မျက်ရှင်နဲ့မောင့်ရင်သွေးလေးကိုတော့မောင်ပိုချစ်ပေးပါနော်...''

''ငါတို့ရဲ့ကလေးလေးမွေးလာရင်၂ယောက်လုံးအတူတူချစ်ကြမယ်ဟုတ်ပြီးလားအခုအိမ်ပြန်ကြရအောင်...''

''ဟုတ်မောင်..''ကြယ်သူမရဲ့အိမ်မက်အကြောင်းကိုမေ့ဖျောက်ဖို့ပြောပြီးသူမကိုနှစ်သိမ့်ပေးကာအိမ်သို့ပြန်လာခဲ့လေသည်။

အိမ်ထဲ၀င်လာသောကြယ်နဲ့မျက်ရှင်ကိုတွေ့တော့ကမ္ဘာအပြေးလေးလာကြိုလေသည်။

''ဦးတို့ပြန်လာပြီး..တီတီညကတည်းကနေမကောင်းဖြစ်နေတာဆိုကြည်းမြပြောမှသိရတာဘာလို့ကမ္ဘာတို့ကိုမပြောပြရတာလဲ..တီတီ့မှာလည်းမပေါ့မပါးကြီးနဲ့...''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now