ချစ်ရမ္မက်နွံ(part30)

224 12 0
                                    

''ကျနော့်ကိုသိနေတာလားဆရာမ''

ပန်းသူ့ရှေ့ကလူသားဟာသူတစ်ချိန်လုံးလိုက်ရှာနေခဲ့သောသူပင်...

''ပန်းကိုမသိတော့ဘူးအကို...ပန်းလေ...''

''ဆရာမကျနော်တကယ်မသိလို့ပါတောင်းပန်ပါတယ်...''

ပန်းအကို့ချီထားသောကလေးကိုမြင်ပြီးမျက်နှာပျက်သွားလေသည်။

''ဆရာမ..ဒီကလေးလက်မောင်းမှာထိခိုက်ထားလို့လာပြတာပါ...''

ပန်းအကိုအသံကြားမှသတိ၀င်လာပြီးအကိုလက်ထဲမှကလေးလက်မောင်းကိုသေချာကြည့်မိလိုက်သည်။

''အများကြီးဘဲချုပ်ရမယ်ထင်တယ်..''

ချုပ်ရမယ်ပြောတာကြောင့်ကြောက်ကြောက်နဲ့အော်ငိုနေသောထက်မြတ်ဟိန်း..

''ဦးဦးသားကြောက်တယ်မချုပ်ဘူး..နာမယ်..''

''ဦးဦး!!!...''

''ကျနော်ကို့အကူညီတောင်းလို့ခေါ်လာလိုက်တာပါဆရာမ..''

ပန်းပျော်သွားရသည်။အကိုကကလေးမရှိဘူးဆိုတဲ့အသိနဲ့လေ...

''ဒဏ်ရာကအရမ်းများတော့ချုပ်ရမယ်..သားဘာမှမဖြစ်ဘူးနော်...အကိုဒီကုတင်ပေါ်မှာတင်လိုက်ပါ..''

ဒဏ်ရာကိုရေနဲ့သေချာဆေးကြောပြီးတော့
အရက်ပြန်ကို၀ါဂွမ်းနဲ့စွတ်ပေးဇာဂနာနဲ့ညှပ်ကာဒဏ်ရာပေါ်ကိုဖွဖွလေးထိပေးလေသည်။

''နာတယ်မလုပ်ပါနဲ့..''

''ဘာမှမဖြစ်ဘူးဦးဦးရှိတယ်နော်..''

ကြယ်ထိန်းထားပေးရင်းဆရာမကကလေးရဲ့ဒဏ်ရာကိုချုပ်ပေးလေသည်။

ကောင်လေးကငိုလိုက်တာလွန်ရော..

၅ချက်ချုပ်လိုက်ရတယ်လေ..

ချုပ်ပြီးတော့ထိခိုက်မိမည်စိုးတာကြောင့်ပတ်တီးစည်းပေးလိုက်သည်။

''ဘာမှမဖြစ်ဘူးတွေ့လား.မငိုနဲ့တော့ယောကျာ်းမဟုတ်ဘူးလား.တိတ်တိတ်..''

''ဆရာမကဆိုးလိုက်တာသားကိုနာအောင်လုပ်တယ်..''

''ကဲအကိုတော်အခုဘာမှမဖြစ်တော့ဘူးလေ..သားဒဏ်ရာကိုဆရာမကကုပေးလိုက်တာသားဆရာမကိုကျေးဇူးတင်ရမှာပေါ့ဘယ်လိုဖြစ်ပြီးရန်တွေ့နေရတာလဲ...ဆရာမကိုကျေးဇူးတင်ပါတယ်လို့ပြောလိုက်..''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now