ချစ်ရမ္မက်နွံ(part3)

348 24 0
                                    

မနက်စာစားပြီးတော့ကြည်းမြကဓူ၀ံ့အားပြောလာသည်။

''သားကြယ်နက်ဖြန်သားဒယ်ဒီနဲ့မာမီတို့ဆုံးသွားတာ၁၀နှစ်ပြည့်တဲ့နေ့လေ..''

''သားသိပါတယ်ကြည်းမြနက်ဖြန်ကျရင်ဘုရားသွားပြီးဒယ်ဒီတို့အတွက်ကုသိုလ်ကောင်းမှုလုပ်ပေးပေးဖို့အတွက်စီစဥ်ထားပါတယ်...''

ကြယ်ဆိုတဲ့ကောင်လေးဟာကြည်းမြအားပြောပြီးသည်နှင့်အိမ်ပေါ်ထပ်သို့တက်သွားလေသည်။

အခန်းထဲကိုရောက်တော့အိပ်ယာဘေးကအလှစားပွဲပေါ်တွင်တင်ထားသောဒယ်ဒိနဲ့မာမီတို့ရဲ့ဓာတ်ပုံကိုကြည့်ရင်းကြယ်မျက်ရည်ကျမိသည်။

*ပျော်ရွှင်စရာမိသားစုဘ၀ကိုကျနော်အသက်၂၀ထိသာခံစားခွင့်ရခဲ့တယ်ဒယ်ဒီနဲ့မာမီ..ကျနော့်ဘေးနားမှာအရင်ကလိုဆုံးမသြ၀ါဒပေးမယ့်ဒယ်ဒီလည်းမရှိတော့သလိုကျနော်ကိုမနက်တိုင်းနှိုးပေးမယ့်မာမီကလည်းမရှိတော့ဘူး...နွေးထွေးတဲ့မိသားစုဘ၀ကိုကျနော်လိုချင်တောင်းတနေမိတုန်းဘဲ..ဒါပေမယ့်ကျနော်ရဲ့ဆုတောင်းတွေဟာတစ်နေ့ထက်တစ်နေ့၀ေးကွာသွားခဲ့ပြီး...မာမီနဲ့ဒယ်ဒီကျနော့်ဘ၀ထဲကထွက်သွားကြတာအရမ်းစောလွန်းတယ်ဗျာ...ကျနော်မာမီတို့ကိုပြန်လုပ်ကျွေးဖို့တောင်အခွင့်ရေးမရလိုက်ဘူး..ကျနော်အရမ်း၀မ်းနည်းတယ်..ကျနော်တစ်ယောက်တည်းရှင်သန်ရတဲ့ဘ၀ကိုကျနော်အရမ်းမုန်းတယ်...*

ကြယ်ဆိုတဲ့ကောင်လေးရဲ့မျက်၀န်းအိမ်တွင်းမှမျက်ရည်များဟာအတားဆီးမဲ့စွာကျဆင်းလာခဲ့လေသည်။

ကြယ်ဒီနေ့ပိတ်ရက်ဖြစ်တာကြောင့်ပေါ့ပေါ့တီရှပ်ဖြူကို၀တ်ပြီးအပေါ်ထပ်အနွေးထည်အပြာနုကိုထပ်၀တ်ကာဂျင်းဘောင်းဘီအဖြူကို၀တ်ဆင်ပြီးsneakerဖိနက်အနက်ကို၀တ်ဆင်ကာအိပ်ယာဘေးမှာတင်ထားသောစာအုပ်နီကလေးနဲ့ဘောပင်ကိုယူပြီးအိမ်ပေါ်ထပ်မှဆင်းလာခဲ့လေသည်။

''သားကြယ်..အပြင်သွားဖို့လား..''

''ဟုတ်ကဲ့ကြည်းမြ..''

''အေးအေးကားကိုဂရုစိုက်မောင်းပြီးသွားနော်..အိမ်ကိုလည်းစောစောပြန်ခဲ့အုန်း..''

ကြယ်အပြင်သွားတိုင်းအခုလိုပင်မှာနေသောကြည်းမြစကားသံတွေကိုကြယ်ခေါင်းငြိမ့်ပြပြီးကားဆီသို့ထွက်လာခဲ့လေသည်။

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now