ချစ်ရမ္မက်နွံ(part39)

217 14 0
                                    

''တံခါးဖွင့်စမ်း!!!...''

ဂျော်နီကအရှေ့လူ၂ယောက်ကိုအမိန့်ပေးလိုက်တာကြောင့်ထိုလူ၂ယောက်မှာဂျော်နီ့အားဦးညွတ်ကာတံခါးဖွင့်ပေးလေသည်။

''သခင်မလေးကြွပါ...''မျက်ရှင်အထဲကိုလျင်မြန်စွာ၀င်သွားလေသည်။

''ရှိန်လျမ်းဘယ်မှာလဲဂျော်နီ...''

''ဒီဘက်မြေအောက်ခန်းမှာပါသခင်မလေး..''

ဂျော်နီရှေ့ကဦးဆောင်လမ်းပြသွားလေသည်။

မြေအောက်ထပ်ရဲ့လျှောက်လမ်းရဲ့ဘေးနံရံတွေမှာမီးတုတ်များဖြင့်အလင်းရောင်ရအောင်ထွန်းညှိထားလေသည်။

ဂျော်နီကကျွန်းနက်တံခါးကြီးရှေ့ကိုရောက်တော့ရပ်လိုက်လေသည်။

''သခင်မလေးရှိန်လျမ်းကိုအထဲမှာဖမ်းချုပ်ထားပါတယ်...''

''အင်းဂျော်နီငါ့ကိုသေနတ်ပေး!!!''

''ဟုတ်ကဲ့သခင်မလေး..''ဂျော်နီမျက်ရှင်အားသေနတ်ကိုကမ်းပေးပြီးနောက်မျက်ရှင်ထိုအခန်းထဲသို့၀င်လာခဲ့လေသည်။

ကျွီ!!!

ရှိန်လျမ်းတံခါးဖွင့်သံကြောင့်မော့ကြည့်လိုက်တော့ညို့မျက်ရှင်ဖြစ်နေလေသည်။

''ညို့မျက်ရှင်ပါလား..ဟဟမင်းရဲ့ယောကျာ်းတော့အခုချိန်ဆိုရေ၀ေးကိုရောက်သွားပြီးပေါ့...''

မျက်ရှင်နံရံဘေးနားမှာထောင်ထားသောသစ်သားဒုတ်ကိုယူပြီးရှိန်လျမ်းရဲ့ဦးခေါင်းကိုရိုက်ချလိုက်လေသည်။

ဒုတ်!!!

ခွပ်!!!

မျက်ရှင်ရိုက်ချက်ပြင်းတာကြောင့်ရှိန်လျမ်းခေါင်းပေါက်ကာနဖူးပေါ်မှသွေးများယိုစီးကျလာလေသည်။

''ငါ့ယောကျာ်းကိုနင်ပါးစပ်ကသေလူလို့မပြောနဲ့...အခုနင်ပြောလိုက်တော့နင့်ရဲ့သေလမ်းကိုနင်ရွေးချယ်လိုက်တာဘဲရှိန်လျမ်း...''

''ဟဟသေလမ်းလား...ငါသေရဲတယ်ညို့မျက်ရှင်...မင်းရဲ့ယောကျာ်းဓူ၀ံကြယ်ကိုငါသတ်လိုက်ရတဲ့အတွက်ငါသေရဲတယ်...အခုသတ်ချင်ရင်သတ်ပလိုက်!!!...''

''သတ်မှာပါမလောပါနဲ့...နင်မသေခင်ငါနင့်ကိုသိအောင်တစ်ခုပြောပြလိုက်မယ်နင်ဓားနဲ့ထိုးလိုက်လို့ငါ့ယောကျာ်းမသေသွားဘူး.အခုဆေးရုံမှာ...''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now