ချစ်ရမ္မက်နွံ(part54)

194 9 0
                                    

ဒီနေ့မနက်ပိုင်းရှယ်ယာရှင်တွေနဲ့အစည်းအ၀ေးလုပ်ရမည်ဖြစ်တာကြောင့်အစောကြီးနိုးလာခဲ့လေသည်။

ကြယ်ရေမိုးချိုးပြီးချိန်ထိကမ္ဘာဟာအိပ်ပျော်နေတုန်းပင်...အိမ်မောကျနေသောသူမကိုကြည့်ကာနဖူးပေါ်သို့အနမ်းတစ်ပွင့်ခြွေချရင်းကြယ်အခန်းထဲမှထွက်လာခဲ့လေသည်။

အလုပ်သွားဖိူ့အ၀တ်စားနဲ့ဆင်းလာသောကြယ့်ကိုကြည်းမြကနှုတ်ဆက်လာသည်။

''ကြယ်မောနီး..''

''မောနီးကြည်းမြ...မျက်ရှင်မနိုးသေးဘူးလားကြည်းမြ..''

''အင်းမနိုးသေဘူးညတုန်းကခေါင်းမူးလို့ဆိုပြီးအစောကြီးအိပ်သွားတာဘဲ...''

''ဟုတ်လားကြည်းမြသူဘာလို့ကျနော့်ကိုမပြောပြရတာလဲ...နေအုန်းကျနော်သူ့ကိုသွားကြည့်အုန်းမယ်...''

ကြယ်ပြောရင်းအပေါ်ထပ်သို့ပြန်တက်သွားလေသည်။

ဒေါက်!!ဒေါက်!!ဒေါက်!!

တံခါးခေါက်ပေမယ့်ထူးသံမကြားရတာကြောင့်ကြယ်အသံပြုကာအခန်းတွင်းသို့၀င်လာခဲ့လေသည်။
''မျက်ရှင်ငါ၀င်ခဲ့မယ်နော်..''

ချပ်!!

ကြယ်သူမအခန်းတွင်းထဲကို၀င်လာခဲ့တော့သူမဟာကုတင်ထက်တွင်အိပ်ပျော်နေလေသည်။ကြယ်သူမရှိရာကုတင်ဆီသို့လျှောက်လာပြီးသူမနဖူးကိုစမ်းလိုက်လေသည်။

''ကိုယ်တွေပူကျစ်နေတာဘဲ..မျက်ရှင်...မျက်ရှင်..''

''ဟင်း..ဟင်း...ဘယ်သူလဲ..''

''ငါပါမင်းကိုယ်တွေပူနေတာကိုဒီတိုင်းနေနေရသလားထငါတိူ့ဆေးခန်းသွားရအောင်...''

''အင်းး..မောင်ဒီနေ့အစည်းအ၀ေးရှိတယ်မဟုတ်လား..မျက်ရှင်အဆင်ပြေပါတယ်ဆေးသောက်ပြီးရင်နေကောင်းသွားမှာပါ...''

''ဘာကိုဆေးသောက်ရင်ပျောက်မှာလဲဒီလောက်ကိုယ်တွေပူကျစ်တောက်နေတာကိုလာငါတို့ဆေးခန်းသွားကြရအောင်...''

ဓူ၀ံကြယ်ပြောတော့သူမကခေါင်းငြိမ့်ပြပြီးအိပ်ယာမှထလာလေသည်။

''မောင်မျက်ရှင်နေရခက်လို့မောင်အ၀တ်စားလဲပေးလို့ရမလားဟင်...''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now