ချစ်ရမ္မက်နွံ(part45)

207 13 0
                                    

ကြယ်တို့ဒီနေ့ကိုသော်ဆိုတဲ့လူကိုလေဆိပ်မှာသွားကြိုရန်၃ယောက်သားမနက်စာစားပြီးပြင်ဆင်ကာထွက်လာခဲ့လေသည်။

''မျက်ရှင်လေယာဥ်ဆိုက်ဖို့နာရီ၀က်တောင်လိုသေးတယ်...ငါတို့အစောကြီးရောက်လာမိပြီးနဲ့တူတယ်...''

''နာရီ၀က်ကြိုရောက်ထားတာလဲကောင်းပါတယ်မောင်ရယ်.အချိန်ကပ်မှလာရင်ကိုသော်နဲ့လွဲသွားမှာစိုးတယ်...''

''အင်းပါ..ကမ္ဘာရောဘယ်ရောက်သွားတာလဲ...''

''မျက်ရှင်လည်းကမ္ဘာဘက်ကိုစိတ်မရောက်တော့သူ့ကိုအာရုံမထားမိဘူးဒီကောင်မလေးဘယ်ရောက်သွားတာလဲ...''

''မျက်ရှင်မင်းဒီမှာနေခဲ့ငါကမ္ဘာ့ကိုသွားရှာလိုက်မယ်..''

''အင်းမောင်ကမ္ဘာ့ကိုတွေ့အောင်ရှာခဲ့နော်...''

''အေး''ကြယ်မျက်ရှင်ကိုထိုနေရာမှာထားခဲ့ပြီးနောက်ကမ္ဘာ့အားရှာရန်ထွက်လာတော့သည်။

''အွန်း..အု...လွှတ်...လွှတ်စမ်း...''

''တိမ်တိုက်ကမ္ဘာ!!!မင်းငါ့ကိုမှတ်မိသေးတယ်မလား..ငါလေမင်းရဲ့ချစ်လှစွာသောအကိုလွန်းစစ်မြတ်...''ကမ္ဘာလွန်းစစ်မြတ်အားမြင်လိုက်သည်နှင့်အံ့သြသွားရသည်။

''ကျမမသိဘူး..ဖယ်...''

''မင်းဟန်ဆောင်နေတာရပ်တော့..ငါမေးတာဘဲဖြေ...''

''မင်းဘာလို့ငါ့မိဘတွေကိုထောင်ချရတာလဲ...''

''လုပ်သင့်တယ်ထင်လို့လေ...''

''ဘာ!!!...မင်းထပ်ပြောစမ်း.ပြောလေ..''

ကမ္ဘာလည်ပင်းကိုညှစ်ကာပြောလေသည်။

အာ့...

ကမ္ဘာတဖြည်းဖြည်းအသက်ရှုကြပ်မတတ်ဖြစ်လာခဲ့သည်။

''ပြောစမ်း..ဘာလို့ငါ့မိဘတွေကိုထောင်ထဲထည့်ရတာလဲ..''

''အာ့...''

ကြယ်ကမ္ဘာ့ကိုရှာနေရင်း...ရန်ဖြစ်နေသံလိုလိုအော်သံလိုလိုကြားရတာကြောင့်ဘေးဘက်ကအများသုံးသန့်စင်ခန်းထဲ၀င်လာခဲ့လေသည်။

''ကမ္ဘာ!!!တောက်...ကဲကွာ''

ခွပ်!!!

''ကမ္ဘာ့ကိုလည်ပင်းညစ်အုန်း..ကဲကွာ..''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now