ချစ်ရမ္မက်နွံ(part33)

212 12 0
                                    

ကြယ်အိမ်ကိုမပြန်သေးဘဲနွေပျို့ဆီကိုဦးဆုံးသွားလိုက်လေသည်။

ပွမ်!!ပွမ်!!

ခြံထဲမှာစာအုပ်ဖတ်နေရင်းကားဟွန်းတီးသံကြောင့်နွေပျိုခြံရှေ့ကိုကြည့်လိုက်မိသည်။အကိုလေးကားဖြစ်နေတာကြောင့်ချက်ချင်းခြံတံခါးသွားဖွင့်ပေးလေသည်။

ကားကိုခြံထဲမောင်း၀င်ပြီးနောက်ကြယ်ကားပေါ်မှဆင်းလာလေသည်။

''အကိုလေးဒီနေ့နွေပျို့ဆီကိုလာလည်တာလား..''

''ဆိုပါတော့..ဘာလဲငါ့ညီမကအကို့ကိုမလာစေချင်တဲ့သဘောလား..''ကြယ်စနောက်ပြီးပြောလေသည်။

''ဟာအကိုလေးကလည်းနွေပျိုကဒီတိုင်းမေးလိုက်တာပါ...အကိုလေးနွေပျို့ဆီကိုနေ့တိုင်းအလည်လာရင်တောင်နွေပျိုကwelcomeပါနော်...''

''ဟားဟားဟုတ်ကဲ့ပါဗျာ..နွေပျို့ဆီလာလည်တာအကိုပြောစရာရှိိလို့..''

''ဟုတ်အကိုလေး..''

''နွေပျိုအကိုဒီလကုန်ရင်ကိုဆန်းတင်နဲ့USကိုခနလိုက်သွားမယ်...''

''ဟင်အကိုလေးကကိုဆန်းUsကိုလိုက်သွားဖို့လား..အလုပ်ကိစ္စလား..''

''အင်းဆိုပါတော့.အကိုဘယ်လောက်ကြာမယ်မသိတော့နွေပျို့ကိုဘဲဒီကအကိုလုပ်ငန်းကိုကြည့်ထားပေးဖို့အကိုအကူညီတောင်းပါရစေ...''

''ဟာအကိုကလည်းအကူညီတောင်းဖို့မလိုပါဘူးနွေပျိုအကိုလေးရဲ့အလုပ်တွေကိုသေချာပေါက်ကြည့်ထားပေးမှာစိတ်ချအကိုလေး''

''ကို့ညီမကိုတော့အကိုယုံကြည်ပြီးသားပါကွာ...''

''အကိုထမင်းမစားရသေးဘူးမလားနွေပျိုတို့အိမ်မှာဘဲထမင်းစားပြီးမှပြန်လေ...''

နွေပျို့အပြောကြောင့်ကြယ်မိမိလက်ကနာရီကိုကြည့်မိသွားသည်။

မနက်၁၀နာရီခွဲသာရှိသေးသည်။ကိုဆန်းတင်နဲ့စကားပြောပြီးတောင်ကုန်းပေါ်မှာ၂နာရီလောက်အချိန်ကုန်ကာစာရေးနေလေသည်။ကြယ်စာရေးရတာစိတ်မပါလာတော့တာကြောင့်အိမ်ပြန်ဖို့ဆုံးဖြတ်လိူက်ပြီးကားကိုအိမ်ဘက်သို့မောင်းမလို့လုပ်ချိန်အလုပ်ကိစ္စအကြောင်းပြောရန်သတိရ၍ကားကိုနွေပျိုတို့အိမ်ဘက်သို့လှည့်လာခဲ့သည်။

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now