ချစ်ရမ္မက်နွံ(part52)

213 8 0
                                    

ညို့မျက်ရှင်ရောက်လာတော့မောင်ကသူမအားသူစိမ်းတစ်ယောက်လိုအကြည့်နဲ့စိုက်ကြည့်နေခဲ့သည်။

''သူကဘယ်သူလဲကမ္ဘာ..''ကမ္ဘာပြောမလိုလုပ်ပေမယ့်ညို့မျက်ရှင်က

''မောင်...''ဟုခေါ်ကာဦးအနားသို့ပြေးလာခဲ့လေသည်။

''မောင်မျက်ရှင်လေမောင့်မိန်းမလေမောင်ရဲ့...မျက်ရှင်ကိုမမှတ်မိဘူးလားဟင်...''

ကျနော်အရှေ့ကမိန်းကလေးကိုသေချာကြည့်လိုက်မိသည်။သိသလိုလိုတော့ရှိသည်။ကျနော်မျက်လုံးမှတ်ပြီးသေချာပြန်စဥ်းစားလိုက်သည်။

ဓူ၀ံကြယ်ပြန်စဥ်းစားရင်းအတိတ်ကနာကျင်မှုမုန်းတီးမှုတွေကိုပြန်ပြိးမြင်တွေ့လာရသည်။

ဓူ၀ံကြယ်မျက်လုံးပြန်ဖွင့်လာတော့မျက်ရှင်ထိန့်လန့်သွားရသည်သူမအားဒေါသမျက်၀န်းတွေနဲ့စိုက်ကြည့်နေသောမောင်..

''မောင်...မောင်..ဘာဖြစ်လို့လဲဟင်...မောင်''

ခွမ်း!!

''ညို့မျက်ရှင်မင်းထွက်သွား!!!မင်းငါ့အရှေ့ကနေအခုထွက်သွားငါမင်းမျက်နှာကိုမမြင်ချင်ဘူး..ထွက်သွား..ဒုန်း!!!''

''ဦးသတိထားပါအုန်းဒါကဦးမိန်းမလေဦးရဲ့သတိထားပါအုန်း..''

''ဘာငါမိန်းမလဲလိမ်နေတာ..မဟုတ်ဘူးငါ့မှာမိန်းမမရှိဘူး..''
ကြည်းမြလည်းအခြေအနေကိုရိပ်မိတာကြောင့်ဆရာ၀န်ကိုပြေးခေါ်လေသည်။
ထိုအချိန်လွင်ပြင်သူတို့မိသားစုရောက်လာခဲ့ကြလေသည်။

''ကိုကို..''

ဓူ၀ံကြယ့်ဆီပြေးလာသောလွင်ပြင်သူ...

''လွင်ပြင်လေးပြန်ရောက်လာတယ်ဟုတ်လား..''

''အင်းလေးကိုကို...ကိုကိုခနကဘာဖြစ်နေတာလဲဟင်...''

''ဘာမှမဖြစ်ပါဘူးလွင်ပြင်လေကိုကိုနေလို့သိပ်မကောင်းလို့ပါ...''

''ဟုတ်လားလွင်ပြင်ဆရာ၀န်သွားခေါ်ပေးမယ်လေ...''
ထိုအချိန်ဆရာ၀န်နဲ့သူနာပြုတို့ရောက်လာလေသည်။

''ဆရာကျမသူလေးအခြေအနေကိုပြန်စစ်ပေးပါအုန်းရှင်..သူကအခုသူ့ဇနီးကိုတအားဒေါသထွက်နေတာ...''

နှလုံးသားထဲကဓူ၀ံကြယ်(or)ချစ်ရမ္မက်နွံWhere stories live. Discover now