အပိုင်း၁

705 72 1
                                    

အပိုင်း၁

လွန်ခဲ့တဲ့၁လလောက်က မီလိ ဆင့်ကဲကားတိုက်မှုတစ်ခုကြုံခဲ့ရသည်။ဓာတုပစ္စည်းတွေသယ်လာတဲ့ကုန်တင်ကားတစ်စီးကရုတ်တရက်ပေါက်ကွဲသွားပြီး လူ၃ယောက်ဆုံးသွားခဲ့ကာ ထိခိုက်ဒဏ်ရာရသူဆယ်နဲ့ချီခဲ့သည်။ မီလိကတော့ကံကောင်းသည်ဟုဆိုရမည်။သူမက အဲ့အချိန်ကထိုဖြစ်စဥ်နဲ့တော်တော်ဝေးဝေးမှာရှိနေခဲ့တာကြောင့် ပေါက်ကွဲမှုကြောင့်ဘေးမှာရှိတဲ့လွင့်ထွက်လာတဲ့ကားတစ်စီးက သူမရဲ့ကားကိုအနည်းငယ်ပွတ်ဆွဲသွားတာကြောင့် အသေးစားဒဏ်ရာလောက်သာဖြစ်ခဲ့သည်။ဆေးရုံမှာ၂ရက်လောက်တက်ခဲ့ရပြီးနောက် ဆေးရုံကနေပြန်ဆင်းခွင့်ရလာခဲ့သည်။ ထိုအက်ဆီးဒန့်စ်ကြောင့်သူမရဲ့မိဘတွေစိတ်ပူမှာစိုးတာကြောင့် သူမရဲ့မိဘတွေကိုဘာမှမပြော​ပြခဲ့ပေ။

အက်စီးဒန့်နောက်ပိုင်း သူမပိုပြီးအိပ်ချင်စိတ်များလာခဲ့သည်။၂နာရီ ဒါမှမဟုတ်၃နာရီကြာတိုင်း တစ်ခါအိပ်ပျော်သွားတတ်သည်။အိပ်နေစဥ်လဲ ဘယ်လောက်ပဲဆူညံနေနေနိူးမလာပေ။ကံကောင်းစွာဖြင့် သူမမှာအဆောက်အုံတစ်ခုရှိကာ ထိုအဆောက်အုံကအခန်းငှားခတွေနဲ့တင် နေထိုင်စားသောက်နိုင်တာကြောင့် အချိန်တွေအလုံလောက်ရှိကာ အိပ်ပျော်ခြင်းကအလုပ်ကိုထိခိုက်လာမှာကိုစိုးရိမ်စရာမလိုပေ။

မီလိ ဆေးသွားစစ်ကြည့်ပေမယ့်လဲဆရာဝန်က သူမရဲ့အခြေနေကပုံမှန်ဟုသာပြောခဲ့သည်။သူမကို လေ့ကျင့်ခန်းပိုလုပ်ပြီး အရမ်းမစားအရမ်းမအိပ်ဖို့တောင်ပြောခဲ့သေးသည်။

မီလိခံပြင်းမိသည်။သူမခန္ဓာကိုယ်ကိုကြည့်ရုံနဲ့တင် အစားအလွန်ကျွံမစားမိသလိုအအိပ်မလွန်ဘူးဆိုတာအသိသာကြီးကို.. အရင်ကဆိုသူမပုံမှန်လေ့ကျင့်ခန်းလုပ်လေ့ရှိပေမယ့်လဲ အက်စီးဒန့်ဖြစ်ပြီးနောက်ရပ်နေရင်တောင်မှ အိပ်ငိုက်လာသည်။

ဒါပေမဲ့သူမရဲ့အမြဲအိပ်ချင်နေတဲ့အကျင့်ကြီးထက် ပိုပြီးထူးဆန်းတာရှိနေသေးသည်။အဲ့တာကတော့သူမအိပ်ပျော်သွားတိုင်း သူမရဲ့ဝိညာဥ်ကသူမကိုယ်ထဲကနေထွက်ထွက်သွားတာပင်။

ပထမဆုံးအကြိမ်အဲ့လိုဖြစ်တာက ဆေးရုံဆင်းပြီးတတိယမြောက်နေ့ရဲ့နေလည်ခင်းမှာ မီလိ တီဗီကြည့်ရင်းအိပ်ပျော်သွားစဥ်ကြုံခဲ့ရခြင်းဖြစ်သည်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now