28

245 38 1
                                    

အပိုင်း၂၈

"ရှောင်မီလား?"ရှီးပိုင်ချန်းသူ့ကိူယ်ပေါ်ခြုံထားတဲ့စံပယ်ပွင့်တွေနဲ့ပိုးစောင်ကိုပြန်ကြည့်လိုက်မိသည်။

"အင်း"စောင်ကအလိုလိုအပေါ်တက်သွားကာ ရှီးပိုင်ချန်းရဲ့ခါးနဲ့ဝမ်းဗိုက်ကြွက်သားတွေကိုရစ်ပတ်လိုက်သည် "ခန္ဓာကိုယ်က လန်းသားပဲ"

ရှီးပိုင်ချန်းမျက်ခုံးပင့်လိုက်ကာ "ငါ့ခန္ဓာကိုယ် လန်းမှန်းအရင်ထဲကသိတယ်မဟုတ်ဘူးလား?"

"အခုမှသေချာမြင်ဖူးတာလေ"မီလိခဏလောက်တန့်နေပြီးမှမေးလိုက်သည် "ရှင်တကယ်စောင်ပြောင်းဖို့စိတ်ကူးမရှိဘူးလား?"

ရှီးပိုင်ချန်း-"ဒီစောင်ကရက်ပိုင်းလေးကမှအခြောက်ခံထားတာလေ သန့်ပြီးနွေးနေတာကို"

မီလိကကြွားလိုက်သည်"ဟီးဟီး ဒါပေါ့ ဒါကိုအခြောက်လှန်းထားတာဘယ်သူမလို့လဲ?"

"အဲ့တော့?"ရှီးပိုင်ချန်းကပျင်းရိစွာပြောလိုက်သည် "ဒီညကိုယ်လုံးတီနဲ့အိပ်ကြည့်ရမလား?"

"ဟမ့်!"မီလိကခြိမ်းခြောက်လိုက်သည် "အိပ်ရဲအိပ်ကြည့်လိုက် ရှင့်ရဲ့ကိုယ်လုံးတီးကြီးကိုစောင်မခြုံဘဲနေပစ်မယ်!"

ရှီးပိုင်ချန်းကတော့ဂရုမစိုက်ပေ "ငါတစ်ယောက်တည်းဒိအိမ်မှာနေတာလေ ပေါ်ပေါ်မပေါ်ပေါ်ဂရုမစိူက်ပါဘူး"

"ရှင်တစ်ယောက်တည်းက ဘာသဘောလဲ?ကျမကရောလူမဟုတ်ဘုးလား???"မီလိဒေါသတကြီးနဲ့စောင်ကိုခါယမ်းလိုက်ရာလေတွေတိုက်သွားသည်။

"မင်းကစောင်လေ"ရှီးပိုင်ချန်းရဲ့ဆံပင်တွေကစောင်ကြောင့်လန်သွားပေမဲ့လဲသူကတော့တည်ငြိမ်နေဆဲပင် "စောင်ဆိုတာအိပ်ဖို့လေ"

"အိပ်လို့ရတယ်လေ ဒါပေမဲ့ကိုယ်လုံးတီးနဲ့တော့မရဘူး!"စောင်မီလိကနောက်ကိုဆုတ်လိူက်သည်။

"ဘာလို့လဲ?"ရှီးပိုင်ချန်းကကုတင်ခေါင်းရင်းကိုမှီလိုက်ကာ "မင်း ငါ့ခန္ဓာကိုယ်ကိူမြင်ပြီးပြီမလား?ငါတို့ကြားမှာစောင့်ထိန်းစရာလိုသေးလိူ့လား?"

"ကျမဘယ်တုန်းက..."မီလိအရင်ကအတွင်းခံဖြစ်ဖူးတာကိုချက်ချင်းပဲသတိရသွားကာ စကားပြောင်းပြောလိုက်သည်"ဒါကျမမြင်ဖူးလားမမြင်ဖူးလားဆိုတာပြသနာမဟုတ်ဘူးလေ။ရှင့်လိုကျန်းမာကြံ့ခိုင်ပြီးတစ်ကိုယ်တည်းနေလာတာကြာတဲ့FAကြီးအတွက် နွေဦးအိပ်မက်မက်ရင်ဖြစ်ဖြစ် မနက်ခင်းပိုင်းခန္ဓာကိုယ်တုံ့ပြန်မှုရှိလာရင်ပဲဖြစ်ဖြစ်စောင်တွေအိပ်ယာတွေအတွက်ပြသနာကြီးလေ။ကျမအတိတ်ဆိုးကြီးနဲ့စောင်တော့မဖြစ်ချင်ပါဘူးနော်"

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now