27

287 43 1
                                    

အပိုင်း၂၇

သူတို့ရဲ့စကားဝိုင်းကိုအဆုံးသတ်ပြီးနောက်ရှီးပိုင်ချန်း စားပွဲပေါ်ကဟင်းတွေကိုကြည့်လိုက်မိပြီး မေးခွန်းတစ်ခုခေါင်းထဲမှာပေါ်လာခဲ့သည်: 'မျောက်ချက်ထားတာတွေကစားလို့ရောရရဲ့လား?မျောက်မွှေးတွေမျောက်သန်းတွေကိုစားမိမှာတော့မဟုတ်ပါဘူးနော်?'

သူ့မှာရွေ့ရခက်နေတော့သည် ရှောင်မီအကြိုက်နေပေးရမလား ဒါမှမဟုတ် သူ့ရဲ့အသက်နဲ့ကျန်းမာရေးကိုပဲဦးစားပေးရမလား?

"ဘာလို့မစားသေးတာလဲ?"မီလိက ပဟေဠိဖြစ်သွားကာ "ဒါကရှင်အကြိုက်ဆုံးဟင်းပွဲတွေလေ"

ရှီးပိုင်ချန်းတူကောက်ကိုင်လိုက်ကာ ပန်းကန်ထဲမွှေကြည့်လိုက်သည်။ပန်းကန်ထဲမှာဘာအမွှေးမှမရှိဘဲသန့်ရှင်းနေပုံပေါ်ပေမဲ့ သူ့ရဲ့ဦးနှောက်ကတော့အကြောင်းတချို့ကြောင့်စားဖို့ငြင်းဆန်နေမိသည်။

မီလိခဏလောက်စဥ်းစားကြည့်ပြီးမှသူ့ရဲ့အတွေးတွေကိုသဘောပေါက်သွားကာ ဘေးမှာချထားတဲ့ တံတောင်ဆစ်အထိရှည်တဲ့လက်အိတ်ကြီးတွေကိုယူပြလိုက်သည် "စိတ်မပူပါနဲ့ ကျမဒီလက်အိတ်တွေစွပ်ပြီးချက်ထားတာပါ"

ရှီးပိုင်ချန်း:'သူမကအရမ်းတွေးပေးတတ်တာပဲ။ဒီလောက်ကြိုးစားပြီးချက်ပေးထားတာကိုမှ မစားမိရင် သူမကိုမလေးစားသလိုဖြစ်သွားလိမ့်မယ်'
ရှီးပိုင်ချန်းတွေဝေမနေတော့ဘဲ တူကောက်ကိုင်ကာ ညစာစ,စားလိုက်သည်။

ရှောင်မီကိုယ်တိုင်ချက်ထားတဲ့အစားသောက်တွေကအရသာရှိလှသည်။တစ်လုတ်လောက်စားပြီးတာနဲ့ အမွှေးနဲ့သန်းတွေကိုစိတ်ပူ​နေမိတဲ့အတွေးတွေက ချက်ချင်းလွင့်ပျောက်သွားသည်။

အသားကနူးအိနေပြီး အသီးရွက်တွေကကြွပ်ရွနေကာ ထင်းမီးနဲ့ချက်ထားတဲ့ထမင်းကတော့စားလို့ကောင်းလှသည်။ထမင်းက အနံ့မွှေးလွန်းတာကြောင့် တစ်ကျင်လောက်ကုန်အောင်စားနိုင်လောက်သည်။
(၁ကျင်- ၀.၆ကီလိုဂရမ်)

"ရေသောက်အုံးမလား?"မီလိက သူ့ကိုရေတစ်ခွက်ငှဲ့ပေးလိုက်ကာ "ဒီမှာလက်ဖက်ခြောက်မရှိဘူး ဒါပေမဲ့ခြံထဲမှာပန်းတွေရှိတယ်ဆိုတော့နောက်တစ်ခါကျရင်ပန်းလက်ဖက်ရည်နှပ်ပေးမယ်"

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now