အပိုင်း၁၇

300 54 0
                                    

အပိုင်း၁၇

"aww ကြောင်လေး!"ဖက်ထုပ်လေးတွေမှာအတင်းပြေးလာကြကာ ရှီးပိူင်ချန်းရဲ့ပခုံးပေါ်ကနားရွက်ကုတ်ကုတ်လေးနဲ့ကြောင်လေးကို လာကြည့်ကြသည်။

ရှီးပိုင်ချန်း သူတို့ကိုကျော်လာကာမီးဖိုချောင်ထဲဝင်လာခဲ့သည်။

ဖကိထုပိလေးတွေမှာ သူ့နောက်ကိုထပ်ကြပ်မကွာ အမြန်ပြေးလိုက်လာခဲ့ကြသည် "ဦးဦး.. ဦးဦးဟင်းချက်နေတုန်းသားတို့ကြောင်လေးကိုကြည့်ပေးထားမယ်လေ"

"မရဘူး" ဒီကြောင်ကိုသူပဲစောင့်ရှောက်ပေးမှာ..
'ဒီကောင်စုတ်လေးတွေကဘာဝင်ရှုပ်နေတာလဲ?'

ဖက်ထုပ်လေးတွေမှာနှုတ်ခမ်းဆူသွားကြကာ ရှီးပိုင်ချန်းရဲ့နောက်ကျောကိုမကျေမနပ်နဲ့စိုက်ကြည့်နေကြသည်။

ရှီးပိုင်ချန်းကသူတို့ရဲ့အကြည့်တွေကိုသတိထားမိဟန်နဲ့နောက်ပြန်လှည့်ကြည့်လာခဲ့သည် "မင်းတို့တွေ နေ့လည်စာစားချင်သေးတယ်မလား?"

ဖက်ထုပ်လေးတွေမှာချက်ချင်းမျက်နှာပျက်သွားကြသည်။လောလောဆယ် ဦးဦးကသူတို့ရဲ့အုပ်ထိန်းသူပဲ သူ့ကိုတော့သူတို့ရန်စလို့မဖြစ်ဘူး..

"ဝမ်းမနည်းပါနဲ့ နေ့လည်စာစားပြီးရင်မင်းတို့နဲ့အတူတူဆော့ပေးမယ်လေ"မီလိက မြောင်ဟုအော်လိုက်ကာဖက်ထုပ်လေးတွေကိုနှစ်သိမ့်ပေးလိုက်သည်။..

ရှီးပိုင်ချန်းက သူမရဲ့စကားတွေကိုမကြားချင်ယောင်ဆောင်နေလိုက်သည်။သူ လက်ဆေးပြီးနောက် ထမင်းစချက်လိုက်သည်။ထို့နောက်ရေခဲသေတ္တာထဲကနေဟင်းချက်စရာတွေထုတ်ယူလိုက်သည်။

မီလိတစ်ယောက်ဆရာမကြီးမုဒ်ဝင်သွားကာ ရှီးပိုင်ချန်းကိုဟင်းချက်နည်းတွေညွှန်ကြားပေးနေလိုက်သည်။လက်သည်းသေးသေးလေးတွေက ခဏခဏညွှန်ပြနေကာ တမြှောင်မြှောင်အသံတွေလဲထွက်နေခဲ့သည်။

"ဘာလို့ကြောင်လေးကခဏခဏအော်နေတာလဲ?"ရှီးခယ့်ရန်က သူမရဲ့အစ်ကိုကိုတိုးတိုးလေးမေးလိုက်သည်။

ရှီးနော့ချီ-"ဘာလို့လဲဆိုတော့နတ်ဆိုးဘုရင်ကြီးကသူ့ကိုအကျဥ်းချထားပြီးသူ့ရဲ့လွတ်လပ်ခွင့်ကိုပိတ်ပင်ထားလို့လေ"

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now