23

279 48 1
                                    

အပိုင်း၂၃

မနက်စားစားပြီးကြပြီးနောက် မီိလိကရှီးပိုင်ချန်းကိုရွာထဲလိုက်ပြပေးရန်ပြောလိုက်သည်။အဲ့လိုနဲ့ရှီးပိုင်ချန်းတစ်ယောက် အသားပြားခြောက်ကြီးကိူင်ကာ အိမ်အိုကြီးထဲကနေထွက်လာခဲ့သည်။

မနက်ခင်းလေလေးကအေးမြနေတာကြောင့် လမ်းထွက်လျှောက်ရတာကစိတ်ကိုငြိမ်းချမ်းစေသည်။

တစ်ခါတစ်ရံလမ်းမှာရွာသားတစ်ယောက် နှစ်ယောက်နဲ့ဆုံလေ့ရှိပြီး ရှီးပိုင်ချန်းကအရင်နှုတ်ဆက်လေ့မရှိပေ။ဒါပေမဲ့ တစ်ဖက်လူက သူ့ကိုနှုတ်ဆက်လာခဲ့ရင်တော့သူလဲပြန်လည်နှုတ်ဆက်လိုက်သည်။

"ဒီကရှုခင်းကတော်တော်လှတာပဲ"သူမမိဘတွေ​ကြောင့်ပဲ မီလိကရွာနဲ့လယ်ကွင်းတွေကိုသဘောကျသည်။

"အင်း"ရှီးပိုင်ချန်း တောင်တန်းတလျှောက်ဖြေဖြေးသာတကိလာရင်း သစ်နံ့နဲ့မြေနံ့ကိုရနေကာ နေရောင်ဖျော့ဖျော့ကလဲသူ့ကိုယ်ကိုနွေးထွေးလာစေသည်။

တောင်ပေါ်က​နေ​ကြည့်ရင် ရွာတစ်ရွာလုံးကိုတောင်မြင်နိုင်သည်။အိမ်တွေက သစ်ပင်ကြီးတွေကြားမှာရှိနေကာ ရွာပြင်မှာလဲလယ်ကွက်တွေနဲ့ပြည့်နေသည်။လမ်းမကြီးက အက်ကွဲနေကာ ယာဥ်တွေဝင်လို့ထွက်လို့အဆင်မပြေဖြစ်နေသည်။

"လောင်ပိုင်"မီလိကရုတ်တရက်ပြောလာခဲ့သည်"ကျမတို့ ရွာမှာလမ်းတွေဆောက်လို့ရအောင်ပိုက်ဆံလှူကြမလား?"

သူတို့မှာထီပေါက်ထားတဲ့ငွေယွမ်သန်း၃၀၀ကေျာ်တောင်ရှိနေတာ အဓိပ္ပါယ်ရှိတဲ့တစ်ခုခုတော့လုပ်သင့်တယ်။

"ကောင်းပြီလေ"ရှီးပိုင်ချန်း အသားပြားကိုဘေးကသစ်ပင်တစ်ပင်ပေါ်မှာတင်လိုက်ပြီး အနီးကကျောက်တုံးတစ်တုံးပေါ်မှာထိုင်ကာ မေးလိုက်သည် "မင်းကဘယ်လောက်လှူချင်လိူ့လဲ?"

မီလိ-"ရွာလူကြီးကိုဘယ်လောက်လိုလဲမေးကြည့်ရအောင်"

"အင်းပါ"ရှီးပိုင်ချန်းစီးကရက်တစ်လိပ်ထုတ်လိုက်ပြီး ပါးစပ်မှာတေ့လိုက်သည်။တောငိလေတိုက်သွားချိန် သူ့နဖူးပေါ်ကဆံပင်တွေကလန်သွားကာနက်ရှိုင်းတဲ့မျက်ဝန်းတစ်စုံပေါ်လာသည်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now