အပိုင်း၉

304 51 2
                                    

အပိုင်း၉

"ရှောင်မီ ငါ့အခန်းထဲကမီးသီးကျွမ်းသွားလို့ လာကြည့်ပေးပါအုံး"ဒုတိယထပ်မှာနေတဲ့ချူဖုန်းက မီလိဆီအကူညီတောင်းလာခဲ့သည်။

"အင်း လာခဲ့မယ်"မီလိကအဆောက်အုံပိုင်ရှင်ဖြစ်နေတာကြောင့် ဖျူ့စ်လောင်ရင်ပြင်ခြင်း,မီးသီးကျွမ်းတာပြင်ခြင်း,အိမ်သာစို့တာနဲ့တခြားကိစ္စသေးသေးမွှားမွှားတွေဖြေရှင်းနည်းကို သင်ယူခဲ့ကာ အခုဆိုကျွမ်းကျင်နေပြီပင်။

မီလိ လှေကားသယ်ကာချူဖုန်းရဲ့အခန်းကို သွားပြီးနောက် ကျွမ်းနေတဲ့မီးသီးကိုတစ်ချက်စစ်ကြည့်လိုက်သ​ည် "မီးသီးကမကောင်းတော့လို့ဖြစ်တာ အိမ်မှာမီးသီးအသစ်ရှိလား?"

"ဟင့်အင်း"ချူဖုန်း သူ့ရဲ့ပိုက်ဆံအိတ်ကိုယူလိုက်ကာ "ငါ သွားဝယ်လိုက်မယ်"

"ဝယ်စရာမလိုပါဘူး ကျမဆီမှာမီးသီးအပိုတွေရှိသေးတယ်။ တစ်လုံး၇ယွမ်"

"ကွက်တိဖြစ်သွားတာပဲ"ချူဖုန်း သူ့ရဲ့အိတ်ထဲကနေ၇ယွမ်ထုတ်ကာမီလိကို ပေးလိုက်သည်။မီလိသူမရဲ့အခန်းကိုပြန်ကာ မီးသီးအသစ်ယူလာပြီးနောက် ကျွမ်းကျင်စွာလဲပေးလိုက်ရာအခန်းကပြန်လည်လင်းထိန်လာခဲ့သည်။

"ကျေးဇူးတင်ပါတယ် ရှောင်မီ"ချူဖုန်း သူမကိုလိုက်ပို့ပေးရင်းနဲ့ကျေးဇူးတင်စကားပြောလိုက်သည်။

မီလိကလက်ခါပြလိုက်ကာလှေကားသယ်ပြီးသူမရဲ့တိုက်ခန်းဆီပြန်လာခဲ့သည်။

ထိုကဲ့သို့အသေးအမွှားကိစ္စရပ်တွေကနေ့တိုင်းဖြစ်လေ့ရှိကာ ချင်းဝေအိမ်ယာရဲ့ပိုင်ရှင်လဲဖြစ်မန်နေဂျာလဲဖြစ်တဲ့မီလိအနေနဲ့ ဒီအဆောက်အုံမှာနေထိုင်သူအားလုံးအတွက်တာဝန်ရှိနေတာကြောင့် ထိုကဲ့သို့အသေးအမွှားကိစ္စလေးတွေကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာသိနေပြီပင်။

မီလိတစ်ယောက် ဘဝကိုသာသာယာယာနေရင်း သင်ယူနေမိသလိုသင်ယူရင်းနဲ့လဲဘဝကိုသာသာယာယာဖြတ်သန်းဖြစ်သည်။

အိမ်ပြန်ရောက်ပြီးနောက်ရေချိုးပြင်ဆင်လိုက်ကာ အိတ်လွယ်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကိုအပြင်မှာရိုက်ဖို့ပြင်လိုက်သ​ည်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now