29

277 50 1
                                    

အပိုင်း၂၉

"ဒီလောက်နောက်ကျနေပြီကိုဘာလို့ဇာတ်ကကြည့်အုံးမှာလဲ?သွားအိပ်တော့"ရှီးပိုင်ချန်း မီလိလက်ထဲကလပ်တော့ပ်ကိုယူ​ပြီးဘေးချလိုက်ကာ သူမကိုပွေ့ချီလိုက်ပြီးစောင်ပေါ်တင်လိုက်သည်။

"ရှင်လဲအမြဲတမ်းနောက်ကျမှအိပ်တာပဲမလား?"မီလိထထိုင်ကာပြန်ချေပလိုက်သည် "အခုမှ၁၁နာရီထိုးကာစပဲရှိသေးတယ်လေ!"

"အိုး?ငါကမင်းပေးတဲ့အကြံအတိုင်းလိုက်လုပ်မလို့လေ။ဒီနေ့ကစပြီးနောက်ကျတဲ့အထိမအိပ်တော့ဘူး"ရှီးပိုင်ချန်း မီလိရဲ့တစ်ကိုယ်လုံးကိုစောင်ခြုံပေးပြီးနောက်ဖိနပ်ချွတ်ကာအိပ်ယာအစွန်းကိုဝင်လှဲလိုက်သည်။

"ကျမအိပ်လို့မှမပျော်တာ"မီလိစောင်ပုံပေါ်ဒူးထောက်ကာသူ့ကိုမျက်ရည်ဝဲနေတဲ့အကြည့်နဲ့ကြည့်လိုက်သည်။

ရှီးပိုင်ချန်းဖုန်းထုတ်ကာ နားကြပ်တပ်လိုက်ပြီးနောက်မီလိကိုကမ်းပေးလိုက်သည် "သားချော့တေး"

ပြောလို့ပြီးတာနဲ့သူကနားကြပ်တစ်ဖက်ကိုတပ်လိုက်ကာတည်ငြိမ်စွာလှဲချလိုက်သည်။သူလဲစောင်ခြုံလိုက်ကာမျက်လုံးတွေမှိတ်ချလိုက်သည်။

သူ့ရဲ့လှုပ်ရှားမှုတွေကိုကြည့်ပြီးမီလိခဏလောက်တွေဝေနေပြီးမှသူမလဲနားကြပ်တပ်ကာသူ့ဘေးမှာဝင်လှဲလိုက်သည်။

"သိုးလေးတစ်ကောင် ပဲ...သိုးလေးနှစ်ကောင် ပဲဲ...သိုးလေးသူံးကောင် ပဲ..."သိုးရေသံကလေးသီချင်းကမီလိရဲ့နားထဲကိုဝင်လာခဲ့သည်။

မီလိရယ်လိုက်မိကာ"ဒါရှင်ပြောတဲ့သားချော့တေးလား?"

ရှီးပိုင်ချန်း-"အင်း ဒါခဏလောက်နားထောင်လိုက်တာနဲ့အမြဲအိပ်ပျော်နေကျ"

ဒါပေမဲ့မီလိသိုးအကောင်တစ်ရာထိရေနေတာတောင်မှအိပ်မပျော်တာကြောင့်ထထိုင်လိုက်ကာ နားကြပ်ကိုဆွဲဖြုဆိလိုက်သည် "ကျမအိပ်မပျော်ဘူး!"

သိုးရေသံကြီးကအဆင်ပြေနေပေမဲ့ နောက်က ပဲ..ပဲ..ဆိုတဲ့အော်သံကြီးကအဆင်ပြေမနေပေ။သူမအိပ်ပျော်ခါနီးတိုင်းအဲ့ပဲဆိုတဲ့အသံကြီးက ထွက်ထွက်လာတာကြောင့် အိပ်မက်ထဲမှာတောင်ထိုပဲ..သံကြီးပေါ်လာမှာတောင်စိုးရိမ်မိသည်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now