21

274 44 1
                                    

အပိုင်း၂၁
မီလိက ၂ရက်လောက်ပျောက်သွားခဲ့ပြီး ရှီးပိုင်ချန်းရဲ့ဝိညာဥ်ကလဲ၂ရက်လောက်အားလျော့နေသည်။ဖကိထုပ်လေးတွေရဲ့အစားစားချင်စိတ်ကလဲ ၂ရက်လောက်ပျောက်သွားခဲ့ကာ အစာဝင်ရုံလောက်သာစားဖြစ်ကြသည်။ကြောင်လေးရှောင်ပိုင်ကတောင်မှ သူတို့ထက်ပိုစားနေသေးသည်။

ဖကိထုပ်လေးတွေမှာတော်တော်လေးမကျေမနပ်ဖြစ်နေကြသည်။သူတို့ရဲ့ ရှီးပိုင်ချန်းအပေါ်သဘောကျမှုမှာလဲ ၀အဆင့်ကိုပြန်ရောက်သွားသည်။အချိန်မရွေး ထိုသုညကြီးကလဲ အနှုတ်ဘက်ကိုတောင်ပြောင်းသွားနိုင်နေသေးသည်။

ရှီးပိုင်ချန်းကတော့ သူတို့ရဲ့မကျေနပ်ချက်တွေကို ပလစ်ထားသည်။သူ တော်တော်အားနေတာကြောင့် သူဖုန်းကိုပဲခဏခဏစစ်ကြည့်နေမိသည်။သူ ရှီးကျိနော့ activeဖြစ်တာမြင်တာနဲ့ တန်းဖုန်းခေါ်လိုက်သည် "ရှီးကျိနော့ မင်း ဒီနေ့တရုတ်ပြန်ရောက်ပြီလား?"

ရှီးကျိနော့-"ဟုတ်တယ်လေ ခုမှပြန်ရောက်တာလေ။ပိုင်ချန်းကောက ကျတော့်ကိုဘာပြောချင်လိူ့လဲ?"

ရှီးပိုင်ချန်း-"ငါ့အိမ်လာခဲ့ ထမင်းအတူစားရအောင်"

ရှီးကျိနော့မှာ မယုံနိုင်ဖြစ်ကာ အတည်ပြုသလိုထပ်မေးလိုက်သည် "ထမင်းအတူစားမယ်?"

"ပြသနာရှိလိူ့လား?"

ရှီးကျိနော့-"No, no no! ပြသနာမရှိပါဘူး!"

ရှီးပိုင်ချန်း ဖုန်းချပြီးနောက်သူ့ဘေးမှာ သစ်သားတူံးလေးတွေဆက်တဲ့ဂိမ်းထိုင်ဆော့နေတဲ့  ဖက်ထုပ်လေးတွေကိုကြည့်လိုက်သည်။ ထို့နောက် နံပါတ်တစ်ခုကိုနှိပ်ပြီး ဖုန်းခေါ်လိုက်ကာ ပိုင်ဝေဥယျာဥ်ထဲမှာ ဝိုင်းတစ်ဝိုင်းကြိုမှာထားလိုက်သည်။

နေ့လည်ခင်း၁၁နာရီမှာ ရှီးကျိနော့ ရှီးပိုင်ချန်းရဲ့အိမ်ကိုရောက်လာခဲ့သည်။

ရှီးပိုင်ချန်းက သပ်သပ်ရပ်ရပ်ဝတ်ထားပြီးပြီပင်။သူ ရှောင်ပိုင်ကိုအိတ်ထဲထည့်ကာ ဖက်ထုပ်​​လေးတွေကို ရှေ့ကနေဦးဆောင်ပြီး ရှီးကျိနော့ရဲ့ကားထဲကိုခေါ်လာခဲ့သည်။

"ပိုင်ချန်းကော ကောင်းတာတစ်ခုခုဖြစ်ထားလိူ့လား?"ရှီးကျိနော့က ကားမောင်းနေရင်းပြူံးကာမေးလိုက်သည်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now