30

249 43 1
                                    

အပိုင်း၃၀

ရှီးပိုင်ချန်းကမီလိကိုစွံပလွန်သီးစိုက်တဲ့ခြံထဲကိုခေါ်သွားခဲ့ကာ ပိုင်ရှင်ကိုယွမ်ငါးဆယ်ပေးပြီးတစ်ခြင်းလောက်ဝယ်လိုက်သည်။

မီးတောက်စွံပလွန်သီးတွေကခရမ်းရောင်ရှီပြီးကြက်ဥတစ်လုံးစာလောက်ကြီးကာ တစ်ကိုက်ကိုက်လိုက်ရင်ကြွပ်ရွပြီးအရည်ရွှမ်းလှသည်။မီလိ၃,၄လုံးလောက်တစ်ခါတည်းဆက်တိုက်စားမိသွားကာစားလို့မရပ်နိုင်တော့ပေ။

"ဒီရွာမှာစိုက်ထားတဲ့မီးတောက်စွံပလွန်တွေကအရသာရှိတယ်။ဒါပေမဲ့ရွာရဲ့လမ်းပန်းဆက်သွယ်ရေးကသိပ်မကောင်းတော့တခြားမြို့တွေကိုမတင်ပို့နိုင်ဘူး။ဒီနားတစ်ဝိုက်ကမြို့တွေရွာတွေကိုတောင်မှမရောင်းကြဘူး"ရှီးပိုင်ချန်း နောက်ထပ်မီးတောက်စွံပလွန်တစ်လုံးကိုရေဆေးကာမီလိဆီပေးလိုက်သည်။

"အင်း နှမြောစရာပဲ ဒါပေမဲ့ရွာမှာလမ်းဆောက်ပြီးရင်တော့အကုန်အဆင်ပြေသွားမှာပါ"မီလိ သူမလက်ထဲကစွံပလွန်ကိုကြည့်ရင်းစားရမလားမစားရဘူးလားတွေဝေနေစဥ်မှာပဲ သူမဘေးကမြည်းပေါက်လေးကသူမလက်ထဲကစွံပလွန်သီးကိုယူစားလိုက်သည်။

မီလိ သူမဆီကအစာလုစားသွားတဲ့မြည်းပေါက်လေးကိုဒေါသတကြီးလှမ်းပုတ်လိုက်သည်။သူမ ခြင်းတောင်းထဲကစွံပလွန်သီးတွေကိုကြည့်ကာ သူမသာထိုအသီးတွေကိုသူမရဲ့ကမ္ဘာကိုပြန်ယူသွားနိုင်ခဲ့ရင် အွန်လိုင်းကနေထိုအသီးတွေကိုရောင်းပြီး အမြတ်ရမှာပဲလို့တွေးနေမိသည်။ဒါမှမဟုတ် မီးတောက်စွံပလွန်ပျိုးပင်တွေကိုရောင်းပြီးဟိူကမ္ဘာမှာမျိုးပွားစေလို့ရတာပဲ...သူမရဲ့အတွေးနဲ့တင်မီလိသိပ်မကြာခင်သစ်သီးလောကကြီးရဲ့အကောင်ကြီးကြီးဖြစ်လာတော့မယ်လို့တောင်တွေးနေမိသည်။

ရှီးပိုင်ချန်း-"ဘာတွေတွေးနေတာလဲ?"

"ဘဝရဲ့အထွဋ်ထိပ်ကို​ရောက်​အောင်ဘယ်လိုငွေရှာရင်ကောင်းမလဲစဥ်းစားနေတာ"မီလိသတိပြန်ဝင်လာကာသူမရှေ့က မီးတောက်စွံပလွန်သီးခြံကြီးကိုကြည့်လိုက်သ​ည် "ဒါကဘယ်လိုလုပ်မီးတောက်စွံပလွန်ပင်ဖြစ်ရမှာလဲ?ငွေပင်ကြီးပဲကို"

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now