အပိုင်း(၁၉)

281 47 0
                                    

အပိုင်း ၁၉

"လောင်ပိုင် ကျမပြန်လာပြီ!အံ့ဩနေလား လန့်သွားသေးလား?!"မီလိ သူမရဲ့ကြောင်လက်သေးသေးလေးကို ခါယမ်းကာနှုတ်ဆက်လိုက်သည်။

နောက်တစ်ကြိမ် ကြောင်လေးအဖြစ်ဝိညာဥ်ကူးလာပြီးနောက်  မီလိ ဒီရက်ပိုင်းဝိညာဥ်မကူးနိုင်ခြင်းက သက်ရှိတွေရဲ့ကိူယ်ထဲဝင်ပူးခြင်းနဲ့ဆိုင်နေတယ်ဆိုတာသေချာသွားသည်။

ရှီးပိုင်ချန်း မီလိကိုအနီးကပ်စိူက်ကြည့်နေမိကာ ဘာမှမပြောပေ။

"ဘာဖြစ်လို့လဲ?"မီလိ ရှီးပိုင်ချန်းရဲ့ဘောင်းဘီကနေ ကုတ်တွယ်ကာ သူ့ပေါင်ပေါ်တက်ထိုင်လိုက်သည် "ကျမနဲ့မတွေ့တာကြာသွားပြီ။ကျမကိုမလွမ်းဘူးလား?"

ရှီးပိုင်ချန်း သူမရဲ့လက်သည်းသေးသေးလေးကိုဖျစ်ညှစ်နေမိကာ တိတ်ဆိတ်နေဆဲပင်။ခဏကြာတော့ သူ သူမကိုကောက်ချီလိုက်ကာ အရင်ကပြင်ဆင်ထားတဲ့ကြောင်အိပ်ယာပေါ်တငိပေးလိုက်သည်။

"ဟမ်?ဒါ ကျမအတွက်ပြင်ပေးထားတာလား?"မီလိ ထိုအိပ်ယာပေါ်ခုန်တက်လိုက်ပြီး အိပ်ယာရဲ့နူးညံ့တဲ့အထိတွေ့ကိုခံစားကြညိ့လိုက်သည်။သူမဘေးမှာလဲ အရုပ်တွေအများကြီးရှိနေသေးတယ်။သူမ ထိုအရုပ်တွေကိုကြောင်လက်သည်းလေးနဲ့ကောက်ကာ အချိန်အတော်ကြာလေ့လာနေမိသည်။

သူမဘာသာ ကစားနေစဥ်မှာပဲ တစ်စုံတစ်ရာက သူမရဲ့လည်ပင်းကိုရစ်ပစ်လာခဲ့သည်။သူမ ငုံ့ကြည့်လိုက်ရာ ငါးရိုးပုံပေါ်မှာ နာမည်ရေးထားတဲ့လည်ပတ်တစ်ခုကိုတွေ့လိုက်ရသည်။မီလိ ဘာရေးထားလဲဆိုတာကြည့်မလို့လည်ပင်းကိုကိုင်းကြည့်ပေမဲ့မမြင်ရပေ။

ရှီးပိုင်ချန်း-"အဲ့တာငါမင်းအတွက်ဝယ်လာတဲ့လည်ပတ်ကြိုးပဲ အပေါ်မှာရှောင်မီလို့နာမည်ရေးထားတယ်"

"ဘာလို့ ကျမကိုလည်ပတ်ကြိုးတပ်ပေးထားတာလဲ?ကျမကရှင့်ကြောင်လား?"မီလိ သူမရဲ့လည်ပင်းကလည်ပတ်ကြိုးကိုဒေါသတကြီးဆွဲကုတ်ကာပြောလိုက်သည်။

ရှီးပိုင်ချန်း"ဒီနေ့ကစပြီး မင်းကငါ့အပိုင်ပဲ"

မီလိ သူ့ကိုကြောင်မျက်လုံးဝိုင်းဝိုင်းတွေနဲ့စိုက်ကြည့်ကာမြောင်ဟုအော်လိုက်သည် "ဟီးဟီး ရှင်ကကျမကိုအဲ့လောက်တောင်သဘောကျနေတယ်ပေါ့ (=^ω^=)"

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now