အပိုင်း၁၈

314 38 1
                                    

အပိုင်း၁၈

ရှီးပိုင်ချန်းရဲ့အိမ်မှာနှစ်နာရီလောက်နေခဲ့ပြီးနောက် မီလိသူမရဲ့အာရုံတွေဝေဝါးလာတာကိုခံစားလိုက်ရသည်။သူမရဲ့ကြောင်မျက်လူံးတွေကနေ သူမကိုခေါ်ဆောင်နေတဲ့အလင်းတန်းတစ်ခုကို လျှပ်တစ်ပြတ် တွေ့လိုက်ရသည်။

မီလိ မိန်မောစွာလျှောက်သွားမိရင်း နောကိဆူံးတော့တံခါးတစ်ချပ်ရဲ့နောက်မှာပျောက်ကွယ်သွားခဲ့သည်။ရှီးပိုင်ချန်း မီးဖိုထဲကနေပြန်ထွက်လာချိန်မှာ ဆိုဖာပေါ်က ကြောင်မီလိကိုမတွေ့ရတော့ပေ။သူမ ထပ်ပြီးထွက်သွားခဲ့ပြီမှန်းသိနေတာတောင်မှပဲ သူ သူမကိုရှာမိဆဲပင်...

သူ့ရဲ့လက်ချောင်းထပ်တွေမှာနွေးထွေးမှုလေးကိုခံစားရမိကာ လက်ချောင်းတွေကို သတိလက်လွတ်ထိနေမိသည်။ရှီးပိုင်ချန်း အိပ်ခန်းထဲဝင်သွားပြီးနောက် ဗီရိုထဲကနေဘူးတစ်ဘူးကိုထုတ်လိုက်သည်။

ထိုဘူးကိုဖွင့်ကြည့်ရင်း ဘူးထဲကပစ္စည်းတွေကိုတစ်ခုပြီးတစ်ခုယူကြည့်လိုက်သည်။ထိုအရာတွေက သူ့ရဲ့သေသွားတဲ့ကြောင်လေးရဲ့အသုံးဆောင်ပစ္စည်းတွေဖြစ်တဲ့ ဖျာသေးသေးလေး, ဘူးသေးသေးလေးနဲ့ တခြားကစားစရာအရုပ်လေးတွေပင်။

ရှီးပိုင်ချန်း ထိုပစ္စည်းတွေကိုသန့်ရှင်းပြီးနောက် ဝရံတာနားမှာထားလိုက်သည်။နောက်တစ်ခါမီလိ ကြောင်တစ်ကောင်အဖြစ် ပြန်လာမှာကိုမျှော်နေရင်းနဲ့ပေါ့...

သူ သူမကိုသိစေချင်မိသည် ဒီအိမ်ကသူမအတွက်တော့အမြဲတမ်းတံခါးဖွင့်ပေးနိုင်ပြီး သူနဲ့အတူတူတစ်သက်လုံးနေသွားစေချင်တယ်ဆိုတာကိုလေ...

မီလိ မျက်လုံးဖွင့်ကြည့်လိုက်စဥ် သူမရဲ့ခေါင်းအုံးဘေးမှာလာအိပ်နေတဲ့ ​ရှောင်ပိုင်ကိုတွေ့လိုက်ရကာ သူမအလိုလိုသွားပွတ်သပ်ပေးလိုက်မိသည်။

ရှောင်ပိုင်က ခေါင်းအုံးကိုသူ့ခေါင်းလေးနဲ့ပွတ်သပ်ရင်းရီဝေဝေနဲ့နိူးလာခဲ့သည် "​မြောင်"

"မင်းက ဘယ်လိုလုပ်ငါ့အိပ်ယာပေါ်မှာရောက်နေတာလဲ?မင်းအတွက်ပြင်ပေးထားတဲ့အိပ်ယာက အဆင်မပြေလို့လား?"မီလိ ​ရှောင်ပိုင်ကိုကောက်မ,လိုက်ကာ သူ့ကိုယ်ပေါ်မှာဒဏ်ရာရှိမရှိစစ်ဆေးလိုက်ပြီး ဘာမှမရှိတာသေချာသွားမှစိတ်အေးသွားတော့သည်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now