အပိုင်း၁၀

301 52 0
                                    

အပိုင်း၁၀

မီလိ အိပ်ယာကနေနိူးလာချိန်မှာတော့မည်းမှောင်နေတဲ့ ကွန်ပျူတာစကရင်မ်ကြီးကိုတွေ့လိုက်ရသည်။သူမ အကြောဆန့်ပြီးနောက် အခန်းပြန်အပ်လိုက်သည်။

သူမ အင်တာနက်ကဖေးကနေထွက်လာချင်းချင်း သွမ့်ရှောင်ယုကဖုန်းခေါ်လာခဲ့ကာ အိမ်ကြည့်တာ အတူတူလိုက်ခဲ့ဖို့ ပြောလာခဲ့သည်။

သွမ့်ရှောင်ယုက မီလိအကြံပေးတဲ့အတိုင်းအရင်တစ်ခေါက်က သူမထီပေါက်ခဲ့တာကိုတခြားဘယ်သူ့ကိုမှမပြောဘဲ ပုံမှန်အတိုင်းသာနေခဲ့သည်။

သွမ့်ရှောင်ယုက မီလိရဲ့အိမ်အနီးမှာအိမ်တစ်လုံးဝယ်ချင်နေကာ မီလိကထိုအကြံကို ထောက်ခံလိုက်သည်။သူမတို့အနီးနားမှာ အိမ်အသစ်တွေဆောက်နေကြပြီဖြစ်ပြီး စျေးနှုန်းတွေကလဲသင့်တင့်လှသည်။

"လုံးချင်းအိမ်တစ်လုံးနဲ့တိုက်ခန်း၂ခန်းဝယ်လိုက်ပါလား?"မီလိကအကြံပေးလိုက်သည် "နောက်နှစ်နည်းနည်းလောက်ကြာရင် ငါတို့နားမှာပြန်လည်တည်ဆောက်မှုတွေလုပ်လောက်တယ်။အဲ့အချိန်ဆိုအိမ်စျေးတွေတက်သွားမှာ"

သွမ့်ရှောင်ယု မီလိရဲ့လက်ကိုကိုင်ကာခေါင်းငြိမ့်လိုက်သည် "အင်း နင်ပြောတာနားထောင်မယ်"

မီလိ သူမကိုအိမ်​အ​ရောင်း​ပြခန်းဆီခေါ်သွားခဲ့ပြီး သွမ့်ရှောင်ယု နောက်ဆုံးတော့ ၁၄၅စတုရန်းမီတာတိုက်ခန်းတစ်ခန်းနဲ့ မြို့အစွန်ကတိုက်ခန်း၂ခန်းပါဝယ်လိုက်သည်။အားလုံးပေါင်းမှ ယွမ်၄သန်းကုန်ကျခဲ့သည်။ သူမမှာထီပေါက်ထားတဲ့ငွေတွေရှိနေတာကြောင့် ၄သန်းကုန်သွားတဲ့အပေါ်မှာသွမ့်ရှောင်ယု စိတ်ဓာတ်မကျပေ။

စာချုပ်ချုပ်တာတွေအားလုံးဆောင်ရွက်ပြီးချိန်မှည ညနေ၅နာရီထိုးသွားပြီဖြစ်ကာ သွမ့်ရှောင်ယုက မီလိကိုညစာဖိတ်ကျွေးမလို့ပြင်လိုက်သည်။ထိုအချိန်မှာပဲ သူမနဲ့ရင်းနှီးနေတဲ့လူရဲ့မျက်နှာကိုမြင်လိုက်ရကာ သူမရဲ့မျက်နှာပေါ်ကအပြုံးတွေကပျောက်ကွယ်သွားသည်။

မီလိလဲ သွမ့်ရှောင်ယုရဲ့အမူရာကိုသတိထားမိသွားကာ သူမကြည့်နေရာဆီလိုက်ကြည့်လိုက်တော့ အသက်၂၄,၂၅အရွယ်အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရသည်။ထိုလူက ဖက်ရှင်ကျကျဝတ်ဆင်ထားပြီးမိတ်ကပ်ထူထူလိမ်းထားတဲ့အမျိုးသမီးတစ်ယောက်နဲ့လက်ချင်းချိတ်ကာ အရောင်းပြခန်းကိုဝင်လာခဲ့သည်။သူတို့၂ယောက်က ရယ်မောကာပျော်နေကြသည်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now