အပိုင်း၄

307 47 2
                                    


အပိုင်း၄

မီလိနိူးလာပြီးနောက် 'ခပ်ဆိုးဆိုးဇနီး, ခပ်ကြမ်းကြမ်းခင်ပွန်း'ဆိုတဲ့နာမည်ကြီးက ခေါင်းထဲအရင်ဝင်လာခဲ့သည်။

သူမ ထိုခေါင်းစဥ်နဲ့စာအုပ်တွေကိုရှာကြည့်ရာ ၂အုပ်၃အုပ်လောက်တွေ့ပေမယ့်လဲ ဇာတ်ညွှန်းကသူမဖတ်ခဲ့ဖူးတာနဲ့တခြားစီပေ။

"တကယ်ကြီးငါတို့က ကမ္ဘာမတူကြဘူးလား?"

မီလိ ထိုအကြောင်းကိုအဖြေမရှာနိုင်သေးတာကြောင့် ခဏမေ့ထားလိုက်ပြီး အိပ်ယာထကာ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲဝင်သွားလိုက်သည်။

သူမ ထွက်သွားပြီးသိပ်မကြာခင်မှာပဲ 'ခပ်ဆိုးဆိုးဇနီး, ခပ်ကြမ်းကြမ်းခင်ပွန်း'ဆိုတဲ့စာအုပ်က ဝဘ်ဆိုက်ပေါ်မှာအသစ်ရောက်လာကာ ကလောင်နာမည်ကတော့ ချိုင်ဟုန်ဖီ့လို့ရေးသားထားသည်ပင်....

ထိုညနေခင်းမှာ မီလိသူမသုံးတဲ့ skincareနဲ့ မိတ်ကပ်ပစ္စည်းတွေအကြောင်းမိတ်ဆက်ဖို့စီစဥ်ထားသည်။သူမအတွက်တော့ထိုပစ္စည်းတွေရဲ့ အကျိုးသက်ရောက်မှုကောင်းနေသရွေ့ ဘယ်brandကထုတ်လဲဆိုတာအရေးမကြီးသလို စျေးနှုန်းဘယ်လောက်လဲဆိုတာလဲအရေးမကြီးပေ။

မီလိအတွက်တော့ မိန်းကလေးတွေအနေနဲ့ ရုပ်လှဖို့သာမက စိတ်နှလုံးသားလှဖို့ရော ဘဝကိုကျန်းကျန်းမာမာနဲ့ကောင်းကောင်းနေဖို့ပါအရေးကြီးတယ်လို့ထင်မိသည်။ခန္ဓာကိုယ်အတွက်ရောစိတ်အတွက်ပါအကျိုးရှိတာကို တတ်နိုင်သလောက်ကြိုးစားသင့်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုစတာနဲ့ မီလိ သူမသုံးတဲ့အလှကုန်ပစ္စည်းတွေအကြောင်း တစ်ခုပြီးတစ်ခုစတင်မိတ်ဆက်ပါတော့သည်။

"ဒီနေ့တော့ glamorous makeup lookမျိုးပြင်ပြပါမယ်နော်" မီလိ ဖန်တွေကိုနှုတ်ဆက်ပြီးနောက် skincareကိုအရင်စလိုက်သည်။ပုံမှန်ဆိုသူမကမိတ်ကပ်အမြဲလိမ်းလေ့မရှိပေမယ့် မိတ်ကပ်ပြင်တိုင်းလဲ skincareပိုင်းကိုအရင်စလေ့ရှိသည်။အဲ့တာကြောင့်လဲ သူမရဲ့မျက်နှာအသားရေကကျန်းမာနေကာ တင်းတိတ်,ဆားဝက်ခြံတွေမရှိပေ။

အသားရေကျန်းမာရေးကိုဂရုစိုက်တာကြောင့် လိူင်စင်မရှိတဲ့မိတ်ကပ်တွေ skincareတွေကိုဘယ်တော့မှမသူံးပေ။ မိနစ်အနည်းငယ်ကြာပြီးနောက် အစိုဓာတ်ဖြည့်ခရင်မ်, primer, foundation, concealer, bronzer, blushနဲ့ eyeshadow တို့ကိုအဆင့်ဆင့်လိမ်းခြယ်ပြီးသွားကာ eyelinerခြယ်ခြင်း, မျက်ခုံးမွှေးဆွဲခြင်းနဲ့ နှုတ်ခမ်းနီဆိုးခြင်းစတဲ့ မိတ်ကပ်လိမ်းနည်းအဆင့်ဆငိ့ကိုပြီးမြောက်သွားသည်။သူမရဲ့နဂိုကတည်းကလှပပြီးသားမျက်နှာလေးက နှစ်လိုဖွယ်ကောင်းပြီးဆွဲဆောင်မှုရှိလာခဲ့သည်။သူမရဲ့မျက်ခုံးတွေကညှို့ဓာတ်တွေနဲ့ပြည့်နေကာ ကြည့်ရှုနေတဲ့ဖန်တွေကိုအော်ဟစ်ဆူပူစေလာခဲ့သည်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now