အပိုင်း ၁၆

280 51 0
                                    

အပိုင်း၁၆

ရှီးပိုင်ချန်း ပန်းကန်ပေါ်ကခေါက်ဆွဲဖက်တွေကိုကြည့်ကာ ဘယ်ကဘယ်လိုစ,ချက်ရမလဲတွေဝေနေမိသည်။

"ok စကြတာပေါ့" ခေါက်ဆွဲမီလိက တီကောင်လိုမျိုးတွန့်လိမ်တွန့်လိမ်နဲ့ပန်းကန်ရဲ့တခြားအစွန်းတစ်ဖက်ဆီ တွားသွားလိုက်သည်။ သူမရဲ့ကိုယ်ကို လှုပ်လီလှုပ်လဲ့လူပ်ကာရှီးပိုင်ချန်းကို အချက်ပြလိုက်သ​ည်။

ရှီးပိုင်ချန်းမှာ မီလိရဲ့တုန်တုန်ယင်ယင်ပုံစံကိုကြည့်ရင်း သိပ်မကြာခင် ခေါက်ဆွဲဖက်တွေအပိုင်းပိုင်းပြတ်ထွက်သွားမှာကိုတောင်စိုးရိမ်နေမိသည်။

"ရေ​နွေးအရင်ဆူအောင်တည်ထားလိုက်"

ရှီိးပိုင်ချန်း ချက်ချင်းပဲရေနွေးစ,တည်လိုက်သည်။

မီလိ-"​ဒယ်အိုးကိုအပူပေးလိုက် ပြီးရင်ဆီထည့်ပြီးဆီပူလာတာနဲ့အသီးရွက်တွေနဲ့ ပဲပိစပ်အနှစ်ကိုထည့်လိုက် ခဏလောက်သမအောင်မွှေပြီးရင် စမုန်စပါး,သစ်ကြမ်းပိုးခေါက်, တရုတ်ဖာလာစေ့တွေထည့်ပြီး ခေါက်ဆွဲတွေအရောင်ပြောင်းတဲ့အထိကြော်လိုက်တော့"

ဆီတရှဲရှဲအသံတွေကမီးဖိုထဲကနေထွက်နေခဲ့သည်။ရှီးပိုင်ချန်းရဲ့လှုပ်ရှားမှုတွေက ကျွမ်းကျင်ပညာရှင်ပုံပေါက်နေပေမဲ့ တကယ်ကမီလိကြောင့်ပင်။မီလိက ဒယ်အိုးကိုကြည့်နေပေးကာ မီးအပူချိန်နဲ့ပါဝင်ပစ္စည်းတွေရဲ့အခြေနေကိုစောင့်ကြည့်ပေးနေတာကြောင့် ရှီးပိုင်ချန်းအနေဖြင့်ဘာမှမပူရပေ။

မီလိ-"ကလေးတွေလဲစားအူံးမှာဆိုတော့ ငရုတ်သီးမှုန့်တွေမထည့်နဲ့တော့။အခု ရေနွေးထဲကို ဆော့စ်နဲ့နှမ်းနည်းနည်းထည့်လိုက်"

အမွှေးနံ့တွေကတထောင်းထောင်းထွက်နေကာ ပန်းကန်ထဲကခေါက်ဆွဲတွေမှာနီရဲနေပြီးစားချင်စဖွယ်ကောင်းနေသည်။

ဖက်ထုပ်လေးတွေမှာလဲအနံ့ကြောင့်ဆွဲဆောင်ခံလိုက်ရတာကြောင့် မီးဖိုထဲကိုပြေးဝင်လာခဲ့ကြသည်။

မီလိ-"ဆော့အနှစ်ထဲကို ခရုဆီ,ပဲငံပြာရည်, ရှာလကာရည်နဲ့ဆားထည့်ပြီး သမအောင်မွှေလိုက် ပြီးရင်နှမ်းဆီလေးနည်းနည်းထည့်လိုက် နှမ်းဆီကိုအများကြီးမထည့်မိစေနဲ့နော်။ ကျန်တာ ကြက်သွန်မြိတ်, ကြက်သွန်ဖြူ, ခါကြက်ဥဆားစိမ် အဲ့တာတွေထည့်လိုက် ကျန်တာတော့ ရှင်ထည့်ချင်တာရှိရင်ထပ်ထည့်လို့ရတယ်"

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now