အပိုင်း၁၄

273 46 1
                                    

အပိုင်း၁၄

ရှီးပိုင်ချန်းက ဂရုမစိုက်ဘူးဟုပြောခဲ့ပေမယ့်လဲ နောက်တစ်နေ့မှာမီးဖိုချောင်သုံးပစ္စည်းတွေနဲ့ဟင်းချက်စရာတွေပြင်ဆင်ထားခဲ့သည်။ကျန်တာဆိုလို့ သရဲမလေးရောက်လာတာကိုစောင့်ရင်းသူမဆီကဟင်းချက်နည်းသင်ရန်သာ..

ထိုမနက်ခင်းမှာ သူ ဖက်ထုပ်လေး၂ယောက်ကိုခေါ်ကာ ပဲနို့၃ခွက်, အီကွာကှေး၅ခြောငျးနဲ့ ဖက်ထုပ်စွပ်ပြုတ်၂ပွဲကိုဝယ်ကျွေးခဲ့သည်။အိမ်ပြန်ရောက်တော့ သူတို့ဘာသာဆော့ရန်လွှတ်ထားလိုက်သည်။

ရှီးပိုင်ချန်း အချိန်ကြည့်လိုက်တော့ ၁၁နာရီထိုးသွားပြီဖြစ်တာကြောင့် မီးဖိုချောင်ထဲလျှောက်လာခဲ့သည်။ဟိုဟိုဒီဒီလျှောက်ကြည့်ပြီးနောက် သူလှမ်းခေါ်လိုက်သည် "ရှောင်မီ?"

မီးဖိုထဲကနေဘာပြန်ဖြေသံမှမကြားရပေ။ရှောင်မီ ဒီမှာမရှိတာသေချာသွားတာကြောင့် ရှီးပိုင်ချန်းအခန်းတွေတစ်ခန်းပြီးတစ်ခန်းဝင်ကာ သူမကိုလိုက်ရှာလိုက်သည်။
'သူပဲမနေ့ကနေ့လည်စာစားချိန်အမီလာခဲ့မယ်လို့ပြောတာမလား?ဘာလို့အခုထိအရိပ်ယောင်တောင် မတွေ့ရသေးတာလဲ?'

ရှီးပိုင်ချန်းမှာ သူ့ရဲ့ယုံကြည်မှုကိုသစ္စာဖောက်ခံရသလိုခံစားရကာ စိတ်မပျော်မရွှင်ဖြစ်သွားသည်။သူ ၁၂နာရီထိစောင့်ပြီးလို့မှရောက်မလာခဲ့ရင် အစပ်တွချည်း တမင်မှာစားဖို့ ဆုံးဖြတ်လိုက်သည်။

ကွန်ပျူတာရှေ့မှာထိုင်ရင်း မီလိမကြိုက်တဲ့အရမ်းလောင်ရတဲ့ခွေးသွေးအချစ်ဇာတ်လမ်းကြီးကိုထိုင်ရေးနေလိုက်သည်။

"လောင်ပိုင် ရှင်အဆင်ပြေရဲ့လား?ရှင်ဘာလို့အဲ့လိုစာအုပ်ကြီးပဲထပ်ရေးနေပြန်တာလဲ?"ရင်းနှီးနေတဲ့မိန်းကလေးအသံက အခန်းထဲမှာ ထွက်ပေါ်လာခဲ့သည်။

ရှီးပိုင်ချန်း စားရိုက်တာရပ်လိုက်ကာ အသံတိုးတိုးနဲ့မေးလိုက်သည် "မင်း ဘယ်မှာလဲ?"

"ရှင့်လက်ထဲမှာလေ"

ရှီးပိုင်ချန်း ငုံ့ကြည့်လိုက်ရာ သူ့ရဲ့ညာဘက်လက်ကစားပွဲပေါ်မှာရှိနေပြီး ဘယ်ဘက်လက်ထဲမှာတော့မောက်စ်ကိုကိုင်ထားသည်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now