အပိုင်း၁၁

302 51 0
                                    

အပိုင်း၁၁

မီလိ မနက်စောစောထပြီးနောက်စျေးသွားကာ ဟင်းချက်စရာနဲ့ မျိုးစေ့တချို့သွားဝယ်လိုက်သည်။

သူမ အိမ်ခေါင်မိုးထပ်မှာ အသီးအရွက်တွေနဲ့ပန်းပင်တချို့စိုက်ပျိုးလိုသည်။ မီလိတစ်​ယောက်အပင်စိုက်ရန်မြေတူးနေရင်း လောင်ပိုင်အကြောင်းစဥ်းစားမိသွားသည်။သူ့ရဲ့အိမ်ကအလှဆင်ထားတာကြည့်ကောင်းပေမဲ့ အေးစက်ပြီးအထီးကျန်ဆန်လွန်းလှသည်။

ထိုသို့တွေးမိတာနဲ့မီလိ ပန်းမျိုးစေ့တချို့စိုက်ထားတဲ့ပန်းအိုးတစ်လုံးလောက် ရွေးချယ်ကာ မြေနဲ့မျိုးစေ့တချို့ပါထည့်ပြီး ထုတ်ပိုးလိုက်သည်။ထို့နောက်စိုက်ပျိုးနည်းပါရေးပေးလိုက်ကာ ပစ္စည်းပို့တဲ့ဝန်ဆောင်မှုအပ်လိုက်သည်။

ထိုဝန်ဆောင်မှုကဘယ်လိုများအလုပ်လုပ်လဲတော့သူမလဲသေချာမသိပေမဲ့လို့ သေချာတာကတော့ပစ္စည်းတွေကချောချောမွေ့မွေ့ရောက်သွားတာပင်။
၂နာရီကြာအလုပ်များနေပြီးနောက်ရုတ်တရက်အိပ်ငိုက်လာခဲ့တာကြောင့် အခန်းထဲပြန်ဝင်ကာကိုယ်လက်သန့်စင်လိုက်ပြီး အိပ်ယာပေါ်မှာသက်တောင့်သက်သာလှဲလိုက်သည်။

အိပ်ပျော်သွားစဥ်သူမရဲ့ဝိညာဥ်က ရေထဲမျောနေသလိုခံစားလိုက်ရပြီးနောက် တဖြည်းဖြည်းသတိပြန်ဝင်လာခဲ့သည်။ မီလိတစ်ယောက်သူမရဲ့ဘေးမှာပါဆယ်ထုတ်တွေနဲ့ဝန်းရံနေတာကိုတွေ့လိုက်ရပြီး သူမကိုယ်တိုင်ကလဲအထုတ်တစ်ထုတ်ဖြစ်နေတာကိုသတိထားမိလိုက်သည်။

မီလိ သူမဘေးကပါဆယ်ထုတ်ပေါ်ကလိပ်စာကိုကြည့်လိုက်သည် ;ယွင်းလန်မြို့, ဝမ်းကုလမ်း XXလမ်းမကြီးပေါ်က အိမ်နံပါတ်XX..

'ယွင်းလန်မြို့?'
မီလိ ပါဆယ်ထုတ်တော်တော်များများကိုစစ်ကြည့်လိုက်တော့အားလုံးက ယွင်းလန်မြို့ရဲ့လိပ်စာတွေတပ်ထားကြောင်းသိလိုက်ရသည်။

တစ်နည်းဆိုသော် သူမကလောလောဆယ် တခြားကမ္ဘာကကုန်လှောင်ရုံမှာရှိနေတာပင်။ မီလိ သူမပါဆယ်ထုတ်ပေါ်ကပလပ်စတစ်ဖြစ်နေတုန်းက ဆွဲဖြဲခံလိုက်ရတဲ့ဘဝကိုချက်ချင်းသတိရသွားသည်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now