အပိုင်း၃

352 45 2
                                    

အပိုင်း၃

မီလိ အင်တာနက်ပေါ်ကနာမည်ကြီးစာရေးဆရာတွေရဲ့နာမည်ကို ရိုက်ရှာကြည့်ပေမယ့် ထိုလူကိုရှာမတွေ့ပေ။

လောင်ပိုင်က ၂၉နှစ်ရှိပြီဆိုတာမှတ်မိပေမဲ့ သူ့ရုပ်ကိုတော့လုံးဝမမှတ်မိဘူး။သူမရေးထားခဲ့တဲ့စာတွေအရဆို ထိုလူက ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်နဲ့ အရမ်းချောတဲ့လူတစ်ယောက်ပဲ။အသက်တူပြီး စာအုပ်အမျိုးစားချင်းတူတဲ့ အမျိုးသားစာရေးဆရာတွေရဲ့အင်တာနက်ပေါ်တင်ထားတဲ့ဓာတ်ပုံတွေအရ အားလုံးကသာမန်ရုပ်ရည်တွေချည်းသာ။ရုပ်ချောတဲ့သူတွေကျပြန်တော့လဲ အရပ်,အသက်နဲ့တခြားအချက်လက်တွေကထပ်တူမကျပြန်ပေ။

လောင်ပိုင်ကိုအင်တာနက်ပေါ်ကနေရှာဖို့မလွယ်ဘူးဆိုပေမယ့်လဲ မီလိအလျင်မလိုပေ။သူမ သူနဲ့နောက်တစ်ခါထပ်တွေ့ရင်သူနေတဲ့လိပ်စာကိုမေးလိုက်ရသည်ပင်..

ဝိညာဥ်ကိုယ်ထဲကထွက်တဲ့အတွေ့ကြုံခဏခဏကြုံပါများလာတော့ မီလိအပြောင်းလဲကိုအသားကျနေပြီပင်။အိပ်ချိန်မလုံ​လောက်ခြင်းကြောင့် မတော်တဆတွေမဖြစ်ရအောင် သူမအိပ်ချိန်ဇယားဆွဲလိုက်သည်။ပုံမှန်၈နာရီအိပ်ချိန်အပြင် မနက်,နေ့လည်,ညနေမှာပါ၂နာရီစီထပ်တိုးအိပ်လိုက်တော့ တစ်ရက်ကို အိပ်ချိန်၁၄နာရီဖြစ်သွားသည်။အိပ်ချိန်မလုံလောက်ပါက စိတ်ပိုင်းဆိုင်ရာမတည်မငြိမ်ဖြစ်လာနိုင်တဲ့အပြင်အလုပ်လုပ်နိုင်စွမ်းလဲလျော့ကျနိုင်ကာ နေ့စဥ်ဘဝကိုထိခိုက်လာနိုင်သ​ည်။

အိပ်ငိုက်တာကိုအတင်းဖိနှိပ်နေမယ့်အစား အိပ်ရေးဝဝအိပ်လိုက်တာကပိုကောင်းသည်။

နေ့လည်စာစားပြီးနောက် မီလိအိမ်မှာ လေ့ကျင့်ခန်းလုပ်လိုက်ကာ အဲ့နောက်တော့အိပ်ယာပေါ်လှဲလိုက်သည်။သူမ နာရီနှိုးဆက်ကိုချိန်ညှိပြီးနောက် အိပ်လိုက်သည်။

ရင်းနှီးနေတဲ့လေထဲမျောနေတဲ့ခံစားချက် ပြန်ခံစားရပြီးနောက် ပတ်ပတ်လည်မှာဆူညံသံတစ်​တွေကိုကြားလိုက်ရသည်။အလင်းရောင်တဖြည်းဖြည်းတောက်ပလာပြီးနောက် မီလိမျက်လုံးထဲပထမဆုံးမြင်လိုက်ရတာက အရမ်းလှတဲ့မျက်လုံးတွေပင်။ထိုမျက်လုံးတွေရဲ့ပိုင်ရှင်က အသက်၇နှစ်၈နှစ်အရွယ် ကျစ်ဆံမြှီးနှစ်ဖက်ကျစ်ကာပခုံးပေါ်ချထားတဲ့ကလေးမလေးတစ်ယောက်ဖြစ်ပြီး ဖန်​ဗီဒိုပေါ်မှာသူမရဲ့လက်တွေတင်ရင်း အထဲကသူမ(မီလိ)ကိုလှမ်းကြည့်နေတာပင်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now