အပိုင်း၇

292 51 4
                                    

အပိုင်း၇

ရှီးပိုင်ချန်းတစ်ယောက် setတစ်ခုလုံးအပြောင်းရှင်းလိုက်ရာအအေးထဲကရေခဲလေးတောင်မကျန်ပေ။

ဖြစ်စဥ်တစ်ခုလုံးကိုမြင်နေရတဲ့မီလိမှာသူ့ကိုလေးတောင်လေးစားမိသွားသည်။အသင့်စားစားစရာတွေကအာဟာရမဖြစ်စေဘူးဆိုပေမဲ့လဲ့ သာမန်လူကြီးတစ်ယောက်အနေနဲ့ setတစ်ခုလုံးအကုန်မစားနိုင်လောက်ပေ။

စားပြီးသောက်ပြီးနောက် ရှီးပိုင်ချန်း ဆိုင်ထဲကနေပြန်ထွက်လာခဲ့သည်။သူ ကားထဲရှိရာဆီတန်းမသွားသေးဘဲ ဘေးအနီးနားကိုလမ်းလျှောက်နေလိုက်သည်။

"စားပြီးရင်ခြေလှမ်းတစ်ရာလောက်လျှောက် ဒါမှအသက်၉၉နှစ်ပြည့်တဲ့အထိနေရမှာ။ရှင့်မှာလဲအဲ့လိုအလေ့ထမျိုးရှိနေမယ်လို့ထင်မထားဘူး"မီလိက သူမရဲ့ကျန်းမားရေးဆိုင်ရာနည်းလမ်းကိုဝေမျှလိုက်သည်။

"ဗိုက်တင်းနေလိူ့လျှောက်တာ"ရှီးပိုင်ချန်းက ဂရုမစိုက်သလိုပြန်ဖြေလိုက်သည်။

မီလိ-"..."

ထိုအချိန်မှာပဲ ရှီးပိုင်ချန်းရဲ့ဖုန်းကမြည်လာခဲ့ကာ ခေါ်ဆိုသူရဲ့နာမည်ကိုတစ်ချက်လောက်ကြည့်ပြီးမှ ဖြေလိုက်သည် "ဟယ်လို"

"ရှီကော ကျတော့်ကိုကယ်ပါအုံး"အသည်းအသန်ဖြစ်နေပုံပေါ်တဲ့အမျိုးသားတစ်ယောက်ရဲ့အသံက ဖုန်းထဲကနေထွက်လာခဲ့သည်။

"ဘာဖြစ်လို့လဲ?"ရှီးပိုင်ချန်းလမ်းလျှောက်ရင်းနဲ့ပဲမေးလိုက်သည်။

"ကျတော့်ရဲ့ ရင်းနှီးမြှုပ်မှုမှာငွေလိုနေလို့ ရှီကော ကျတော့်ကိုကူညီပါအုံး"

ရှီးပိုင်ချန်း-"ဘယ်လောက်လဲ?"

"ယွမ်၈၀၀,၀၀၀"

ရှီးပိုင်ချန်း-"မင်း အရင်ကလဲငါ့ဆီကနေ ယွမ်၂.၈သန်းချေးပြီး​ပြီမလား?"

"ရင်းနှီးမြှုပ်နှံတာအောင်မြင်သရွေ့ ကျတော်အတိုးရောအရင်းပါပြန်ပေးပါ့မယ်"

ရှီးပိုင်ချန်း-"အင်း ငါအခုလွှဲပေးလိုက်မယ်"

"အိုး ကျေးဇူးတင်ပါတယ်!ကောက ကျတော့်အစ်ကိုရင်းထက်တောင်ကောင်းတယ်!"

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now