24

286 48 0
                                    

အပိုင်း၂၄

ရှီးပိုင်ချန်းတစ်ယောင် နေ့စဥ်သုံးပစ္စည်းတွေဝယ်ပြီးနောက် စတိုးဆိုင်ထဲကနေပြန်ထွက်လာခဲ့ပြီး လမ်းဘေးမှာရပ်ထားတဲ့ မှန်လုံကားဆီ လေျှာက်လာခဲ့သည်။

ကားဆရာနဲ့စျေးညှိပြီးနောက် ရှေ့ခုံမှာဝင်ထိုင်လိုက်ကာ ခါးပတ်ပတ်လိုက်သည်။ကားကဖြေးဖြေးမောင်းထွက်လာပြီးနောက်လမ်းဆုံကိုရောက်လာခဲ့သည်။

မီလိတစ်ယောက် ရွာသားတစ်ယောက်ဆီကနေဖုန်းငှားပြီးစဥ်မှာပဲ မှန်လုံကားထဲကိုဝင်ထိုင်လိုက်တဲ့အရပ်ရှည်ရှည်နဲ့လူတစ်ယောက်ကိုလှမ်းမြင်လိုက်သည်။သူမအပျော်လွန်သွားကာခြေဗလာနဲ့ထိုကားဆီပြေးလိုက်လိုက်တာကြောင့် ဖုန်းကိုပြန်ပေးဖို့ရာမေ့သွားခဲ့ပြီး ဖုန်းပိုင်ရှင်မှာလဲလန့်သွားကာသူမနောက်ကို အလောတကြီးလိုက်သွားတော့သည်"အိုး!​မဖြစ်ဘူး!ငါ့ဖုန်း!"

"လောင်ပိုင်-"

စျေးကဆူညံနေတာကြောင့်သူမရဲ့အသံမှာဖုံးသွားတော့သည်။ကားထွက်သွားတာမြင်တာကြောင့် မီလိချက်ချင်းပဲနံပါတ်တစ်ခုကိုဖုန်းခေါ်လိုက်ကာပြေးလိုက်သွားသည်။

ရှီးပိုင်ချန်းရဲ့အိပ်ကပ်ထဲကဖုန်းကတုန်ခါလာကာ မသိတဲ့နံပါတ်စိမ်းတစ်ခုကဝင်လာခဲ့ပေမဲ့ သူဖုန်းကိုင်လိုက်သည်။

"ဟယ်လို?"

မီလိ-"လောင်ပိုင်!ကျမပါ ..ဟောဟဲ..ဟောဟဲ"အသက်ရှူသံပြင်းပြင်းက ဖုန်းထဲကနေထွက်လာခဲ့သည်။

"ဘယ်သူလဲ?"ရှီးပိုင်ချန်းကြောင်သွားသည်။

"ကျမလေ"အသံကရုတ်တရက်နားအူစေလောက်တဲ့အထိကျယ်လာကာ "ရှောင်မီ!ကျမ အခုရှင့်နောက်မှာ!!!"

ရှီးပိုင်ချန်းမှာသူ့နောက်က ထိုင်ခံလွတ်တွေဆီလှည့်ကြည့်လိုက်မိသည်။ ကားရဲ့နောက်မှန်ကနေသူတို့ကားနောက်ကိုအပြေးလိုက်နေတဲ့ပိန်းသွယ်သွယ်ပုံရိပ်လေးကိုတွေ့လိုက်ရပြီး သူမရဲ့လက်ထဲမှာလဲဖုန်းတစ်လုံးကိူင်ထားသည်။

"ကားဆရာ ခဏလောက်ရပ်ပါအုံး" ရှီးပိုင်ချန်းလက်တွေကတင်းကြပ်သွားကာ ထိုပုံရိပ်လေးကိုစူးစူးစိုက်စိုက်ကြည့်နေမိသည်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now