၃၂

384 42 8
                                    

အပိုင်း၃၂

အသက်အန္တရာယ်နဲ့ကြုံရနိုင်တယ်လို့ထင်မိရတဲ့ကိစ္စတစ်ခုနဲ့ကြုံရပြီးနောက်လူငယ်တစ်စုမှာငူငူငိုင်ငိုင်ကြီးနဲ့ပြန်သွားကြသည်။ဒီနေ့အဖြစ်အပျက်ကသူတို့ကိုအသက်တစ်နှစ်ခေါက်အိုစာသွားစေနိုင်သည်။မြည်းစီးတဲ့မိန်းကလေး,စွံပလွန်ခူးတဲ့မျောက်,တောထဲကအသီးရွက်တွေခူးခြင်း,ကြောင်ကမြွေဖမ်းခြင်း...ဒါ​တွေကဒီရွာလေးမှာကြုံရတဲ့ထူးခြားတဲ့အဖြစ်ပျက်တွေပင်။

ဆံပင်စီးထားတဲ့မိန်းကလေးကဒီနေ့ရိုက်ထားတဲ့ဗီဒီယိုတွေကိုသူမရဲ့weiboမှာတင်လိုက်သည်။အံ့ဩစရာမရှိ ထိုဗီဒီယိုတွေကလူတော်တော်များများရဲ့အာရုံကိုဆွဲဆောင်ခံလိုက်ရသည်။အထူးသဖြင့်မျောက်ကောကောနဲ့ကြောင်ကျားလေးတို့ပင်။လူတော်တော်များများကချီးမင်ရွာကိုစိတ်ဝင်စားသွားကြကာ ရွာရဲ့တည်နေရာကိုမေးနေကြသည်။

မီလိအိပ်ယာပေါ်မှာလှဲနေရင်းနဲ့ရှီးပိုင်ချန်းရဲ့ဖုန်းနဲ့weiboအကောင့်ထဲဝင်ပြီး ဆံပင်စီးထားတဲ့မိန်းကလေးရဲ့ဗီဒီယိုကိုဝေမျှရန်လုပ်လိုက်သည်။

မီလိ ရှီးပိုင်ချန်းရဲ့ အကောင့်နာမည်ဖြစ်တဲ့ 
 “Ever Elusive Xi Da”ကိုမြင်ပြီးအံ့အားသင့်သွားသည်။သူမ ရှီးပိုင်ချန်းကပရော်ဖက်ရှင်နယ်လ်စာရေးဆရာဆိုတာသိပေမယ့်လဲ သူရေးတဲ့စာအုပ်အားလုံးကိုတော့မသိပေ။အခုသူ့weiboကိုဝင်ကြည့်မှသာသိတော့သည်။

ရှီတဆိုတာ ရှီးပိုင်ချန်းရဲ့ပင်မကလောင်နာမည်ဖြစ်ပြီး ထိုနာမည်နဲ့သူ့ရဲ့အဓိကစာအုပ်တွေကိုထုတ်ဝေသည်။သူ့ရဲ့စာအုပ်ပေါင်းက၄၃အုပ်ရှိပြီဖြစ်ကာ အားလုံးကိုရုပ်ရှင်ရိုက်ကူးခွင့်ရောင်းထားပြီး ဇာတ်ကားတွေကလဲထုတ်လွှတ်ပြီးပြီဖြစ်ကာ ratingလဲကောင်းလှသည်။စာအုပ်၂၀လောက်က နိုင်ငံခြားဘာသာစကားဖြင့်တခြားနိုင်ငံတွေမှာပါဖြန့်ဖြူးထားသည်။

မီလိ လောင်ပိုင်ကအဲ့လောက်တော်တဲ့နတ်ဘုရာကြီးဖြစ်လိမ့်မယ်လို့ထင်မထားပေ။သူက ပုံမှန်ဆိုweiboပေါ်မှာပို့စ်တင်လေ့မရှိဘဲ ဖန်အရေအတွက်လဲနည်းကာ ရာဂဏနိးမျှသာရှိသည်။ဒါပေမဲ့သူ့ရဲ့ဖော်လိုဝါတွေထဲမှာ နာမည်ကျော်ဒါရိုက်တာတွေ,ဇာတ်ညွှန်းရေးဆရာတွေနဲ့ကြယ်ပွင့်သရုပ်ဆောင်တွေ, ချမ်းသာတဲ့ထုတ်ဝေသူတွေ,VIPကြီးတွေရှိသည်။

You've reached the end of published parts.

⏰ Last updated: Mar 10 ⏰

Add this story to your Library to get notified about new parts!

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now