အပိုင်း၆

305 51 3
                                    

အပိုင်း၆

"အခွင့်ကြုံတုန်းလေး ကျမတို့ရုပ်ရှင်သွားကြည့်ကြမလား?"မီလိက ဒီကမ္ဘာအကြောင်း ပိုပြီးနားလည်ချင်နေမိကာ အဲ့လိုဖြစ်ဖို့အတွက်ဆို ရုပ်ရှင်​တွေကအကောင်းဆုံးပင်။

ရှီးပိုင်ချန်း လက်မြှောက်ကာ အချိန်တစ်ချက်ကြည့်လိုက်ပြီးနောက် ရေမွှေးပုလင်းကိုအင်္ကျီအိပ်ကပ်ထဲထည့်လိုက်သည် "သွားမယ်"

မီလိ-"ဟေ့ သွားမယ်ဆိုလဲသွားလေ ဘာလို့ကျမကိုအိတ်ကပ်ထဲထည့်နေတာလဲ?ကျမ နေရောင်ခံချင်သေးတယ်!ကျမရဲ့တောက်ပမှုလေးကိုတခြားသူတွေမြင်အောင်ပြရအုံးမယ်!"

ရှီးပိုင်ချန်း သူမကိုလျစ်လျူရှုကာ လမ်းရဲ့တစ်ဖက်အဆုံးမှာရှိတဲ့ရုပ်ရှင်ရုံဆီသွားလိုက်သည်။ရုပ်ရှင်ရုံရောက်တော့မှသာ ရေမွှေးပုလင်းကိုထုတ်ကာမေးလိုက်သည် "ဘာကားကြည့်ချင်လဲ?"

မီလိရဲ့အကြည့်တွေကရုပ်ရှင်ပိုစတာတွေဆီရောက်သွားကာ လတ်တလောနာမည်ကြီးနေပုံပေါ်တဲ့ဇာတ်ကားတစ်ကားကိုရွေးလိုက်သည် "အပြိုင်ကမ္ဘာ!"

ရှီးပိုင်ချန်း သူ့ရဲ့မန်ဘာကတ်ကိုထုတ်ပြီး ကောင်တာကလက်မှတ်ရောင်းတဲ့သူကို ပြောလိုက်သည်"မိစ္ဆာလေးကားအတွက် လက်မှတ်တစ်စောင်ပေးပါ"

မီလိ-"!!!"

ရှီးပိုင်ချန်း-"ပရော်ဖက်ရှင်နယ်ဆန်တာလေးကြည့်ရအောင် အပြိုင်ကမ္ဘာကမင်းအတွက်မသင့်တော်ဘူး"

မီလိ-"..."ငါးပူတင်းတစ်ကောင်လိုမျိုး ပါးဖောင်းမိသွားသည်။

လက်မှတ်ကိုယူပြီးနောက် ရှီးပိုင်ချန်း ပေါက်ပေါက်တစ်ဘူးနဲ့သောက်စရာပါဝယ်လိုက်ကာ ကလေး,လူကြီးတစ်စုနဲ့အတူရောကာ ရုံထဲကိုတဖြည်းဖြည်းဝင်သွားခဲ့သည်။

ဒီနေ့က ပိတ်ရက်ဖြစ်တာကြောင့် ရုပ်ရှင်ရုံကပုံမှန်ထက်လူစည်နေသည်။ရှီးပိုင်ချန်းရဲ့ခုံကအလယ်မှာရှိကာ သူဝင်ထိုင်လိုက်စဥ်မှာတော့အနီးမှာရှိတဲ့သူတွေမှာ လူသေးသေးလေးတွေဖြစ်သွားသလိုပင်။

မီလိ-"မိစ္ဆာလေးက ဘာကြီးလဲ?ရှင့်လိုအရွယ်ရောက်နေတဲ့လူကြီးက ကလေးတွေကြည့်တဲ့ကာတွန်းကားကြည့်သေးတယ်ပေါ့?"

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now