အပိုင်း၅

321 49 3
                                    

အပိုင်း၅

ရှီးပိုင်ချန်း စားပွဲပေါ်ကပစ္စည်းတွေကို ရှင်းလိုက်ကာ ကြက်သွန်ကွင်းကြော်တစ်ဘူးတည်းသာ ချန်ထားခဲ့သည်။ထို့နောက် မီလိဝင်ပူးနေတဲ့ကြက်သွန်ကွင်းကြော်ကိုယူကာထိုပေါ်ကိုဆော့စ်စမ်းလိုက်ပြီးနောက် သူမရဲ့ကြက်သွန်ကွင်းကြော်ဘော်ဒါတွေဆီပြန်ပို့ပေးလိုက်သည်။

"ရှင်ပဲ ကြက်သွန်ကွင်းကြော်ကြိုက်တယ်ဆို?ဒီမှာအများကြီးကျန်သေးတာကို မစားဘူးလား?"ကြက်သွန်ကွင်းကြော်တွေနဲ့ဝန်းရံခံနေရတဲ့မီလိ ပဟေဠိဖြစ်နေတာကြောင့်  မေးလိုက်သည်။

ရှီးပိုင်ချန်း သူမကိုစိုက်ကြည့်လိုက်ကာ "ငါက ငါစားချင်တာဆိုကုန်အောင်စားတယ်" သူမစားဘဲချန်ထားတာတွေကအကျန်တွေဆိုတဲ့သဘောပင်။

စားကြွင်းစားကျန်လေးမီလိ-"-_-"

"မင်းအေးသွားမှပဲစားတော့မယ်"

မီလိ-'မင်းအေးသွားမှပဲစားတော့မယ်ဆိုတာ ဘာသဘောလဲ? ရှင်ကမှအေးသွားမယ့်သူ!'
မီလိ သူမရဲ့ကိုယ်(ကြက်သွန်ကွင်းကြော်)ကိုထိန်းချုပ်လိုက်ကာ တခြားကြက်သွန်ကွင်းကြော်တွေရှိရာဆီကနေ လှိမ့်လာခဲ့သည်။ဘူ​ထဲကနေထွက်လာနိုင်ကာ စားပွဲပေါ်ရောက်သွားပြီး​နောက် ထပ်ပြီးလှိမ့်ကာ ကော်ဇောပေါ်ဆင်းသွားလိုက်သည်။ကော်ဇောပေါ်ရောက်သွားချိန်မှာတော့ သူမရဲ့ကိုယ်(ကြက်သွန်ကွင်းကြော်)က ကော်ဇောရဲ့ချည်စ,တွေကြားညှပ်နေကာ ထပ်လှိမ့်လို့မရတော့ပေ။

ရှီးပိုင်ချန်း သူမကိုတစ်ချက်ကြည့်ပြီးနောက် တစ်ရှုးတစ်ရွက်ထုတ်ကာ သူမကိုကော်ဇောပေါ်ကနေမ,လိုက်ပြီး ကော်ဖီဇွန်းပေါ်တင်လိုက်သည်။

မီလိ ဇွန်းထဲကနေလှိမ့်ထွက်ဖို့ကြိုးစားကြည့်ပေမယ့်လဲ လှုပ်လို့မရတာကြောင့်လက်လျှော့လိုက်သည်။

'ကြက်သွန်ကွင်းကြော်လေးငါ့အနေနဲ့ ကြက်သွန်ကွင်းကြော်ရဲ့လက္ခဏာကိုထိန်းသိမ်းရမယ်။မောက်မာတာကမကောင်းဘူး'မီလိ သူမကိုယ်သူမနှစ်သိမ့်လိုက်သည်။

ရှီးပိုင်ချန်း သူမကိုလျစ်လျူရှုလိုက်ကာ ကွန်ပျူတာဖွင့်ပြီး စာစ,ရိုက်လိုက်သ​ည်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now