26

268 41 0
                                    

အပိုင်း၂၆

ရှီးပိုင်ချန်းချက်ကျွေးတာတွေစား, ရှီးပိုင်ချန်းအဝတ်တွေဝတ်, ရှီးပိုင်ချန်းရဲ့အိပ်ယာပေါ်မှာအိပ်ပြီးနောက် မီလိသူ့အတွက်တစ်ခုခုတော့ပြန်လုပ်ပေးမှဖြစ်မယ်လို့တွေးလိုက်သည်။

တံမြတ်စည်းကိူင် ကြမ်းတိုက်တံယူ ရေပုံးဆွဲကာ အိမ်တစ်အိမ်လုံးကိုသန့်ရှင်းလုပ်ဖိူ့ပြင်လိုက်သည်။

ရှီးပိုင်ချန်းလဲကြမ်းတိုက်တံယူကာသူမကိုကူပေးမလို့ပြင်လိုက်ပေမဲ့မီလိကတားလိုက်သည် "ရှင့်စာအုပ်သာပြီးအောင်သွားရေးစမ်းပါ ကျမရဲ့စွမ်းရည်တွေပြသရမယ့်အခွင့်ရေးကိုလာမနှောက်ယှက်နဲ့"

ရှီးပိုင်ချန်း:'သန့်ရှင်းရေးလုပ်တာက ဘယ်လိုလုပ်များစွမ်းရည်ပြပွဲဖြစ်သွားရတာလဲဟ?'

ကူညီခွင့်မပေးတာကြောင့် ရှီးပိုင်ချန်လဲလက်လျှော့လိုက်ကာခြံရှေ့ကစားပွဲဝိုင်းမှာထိုင်ရင်း လပ်တော့ပ်ယူကာစာရိုက်နေလိုက်သည်။စာရိုက်ရင်းနဲ့တစ်ခါတစ်ရံမီလိတစ်ယောက်အလုပ်လုပ်နေတာကိုလဲလှမ်းလှမ်းကြည့်တတ်သေးသည်။

မီလိအရင်ဆူံး အိမ်ရဲ့ထောင့်တိုင်းကပင့်ကူမျှင်တွေကိုသန့်ရှင်းရေးလုပ်လိုက်သည်။ထို့နောက်ပြာတွေသွန်ကာ ကြမ်းပြင်ကိုတံမြတ်စည်းလှည်းလိုက်ပြီးနောက် အိမ်တွင်းရောအပြင်မှာပါသန့်ရှင်းရေးလုပ်လိုက်သည်။ထို့နောက် ပြင်စရာလိုနေတဲ့နံရံ,ပြတင်းပေါက်, ပရိဘောဂတွေ စတာတွေကိုစာရင်းပြုစုထားလိုက်သည်။

အိမ်ကကြီးလွန်းတာကြောင့် တစ်နာရီနှစ်နာရီလောက်နဲ့တစ်အိမ်လုံးကိုသန့်ရှင်းဖို့ဆိူတာမဖြစ်နိုင်ပေ။အဲ့တာကြောင့်မီလိက အိမ်ကို၄ပိုင်းခွဲလိုက်သည်။အရင်ဆူံးရှီးပိုင်ချန်းနေတဲ့ခြံရဲ့အရှေ့ပိူင်းကိုပဲ သန့်ရှင်းရေးလူပ်လိူက်သည်။ထို့​နောက်စောင်တွေ အိပ်ယာခင်းတွေကိုအခြောက်လှန်းလိုက်ကာ ခဏလောက် အကြောဖြေလိုက်သည်။သန့်သွားတဲ့အိမ်တစ်ခြမ်းကိုကြည့်ရင်း မီလိလန်းဆန်းသွားတော့သည်။

ထိုအချိန်မှာပဲရုတ်တရက်သူမဝိညာဥ်ပြန်ကူးတော့မလိူခံစားချက်ရလိုက်တာကြောင့်ချက်ချင်းပဲအိမ်ခန်းထဲပြန်ပြေးဝင်သွားကာ မူလကဝတ်လာခဲ့တဲ့သူမရဲ့အဝတ်တွေကိုပြန်ဝတ်လိုက်ပြီး ဟိုကမ္ဘာနဲ့မသက်ဆိုင်တဲ့ပစ္စည်းမှန်သမျှကို တစ်ခါတည်းထားခဲ့လိုက်သည်။သူမခြေထောက်မှာစီးထားတဲ့ပတ်တီတောင်မှမချန်ပဲပေါ့..

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now