25

248 46 0
                                    

အပိုင်း၂၅

ကြောင်မီလိဆိုဖာပေါ်မှာထိုင်ရင်းဖုန်းကိုလက်သည်းတွေနဲ့နှိပ်ကြည့်လိုက်သည်။သူမ အိမ်ယာမှာနေတဲ့သူနေတွေရဲ့အုပ်စုဖွဲ့စကားပြောခန်းထဲမှာစာတစ်စောင် ပို့လိုက်သည် [အိမ်ရှင်ကရက်ပိုင်းလောက်ခရီးထွက်စရာရှိလို့ ကိစ္စတစ်ခုခုရှိရင်စာပို့ထားလိုက်ပါနော်..]

သူမအခုကြောင်ဖြစ်နေတာကြောင့်တော်တော်များများကိုမလုပ်နိုင်တော့ပေ။သူမရဲ့ခန္ဓာကိူယ်ပြန်ရောက်လာတာကိုသာစောင့်နိုင်တော့သည်။ဘယ်အချိန်မှပဲနောက်တစ်ခေါက်ကမ္ဘာကူးနိူင်မလဲဆိုတာသူမမသိပေ။အရမ်းမကြာဖို့တော့မျှော်လင့်တာပဲ မဟုတ်ရင်သူမရဲ့ခန္ဓာကိုယ်ကပုတ်သွားလိမ့်မယ်..

မီလိ ဆိုဖာပေါ်ကနေခုန်ဆင်းလိုက်ကာ ဗီရိုထဲကကြောင်စာသွားယူလိုက်သည်။သူမကြောင်ဖြစ်လာပြီဆိုမှတော့ရှောင်ပိုင်ရဲ့အစာအိမ်မထိခိုက်ရအောက်လိမိလိမ်မာမာနဲ့ကြောင်စာစားမှဖြစ်မယ်။သူမအရင်ကလဲစာဖူးတာကြောင့် အရသာကဆိုးမနေပဲအဆင်ပြေကြောင်းသိသည်။

စားလို့ပြီးသွားတာနဲ့မီလိသူမရဲ့လက်သည်းတွေနဲ့ပါးစပ်ကိုလက်သုတ်ပဝါနဲ့သုတ်လိုက်ကာ ဆိုဖာပေါ်မှာသက်တောင့်သက်သာခွေလိုက်ရင်း TVရီမုဒ်ယူကာ စိတ်ကြိုက်channelတွေပြောင်းကြည့်နေတော့သည်။

ခဏလောက်ကြည့်ပြီးနောက်ငိုက်မြည်းလာခဲ့ကာ မီလိသမ်းလိုက်ရင်း TVကိုပြန်ပိတ်လိုက်သည်။ထို့နောက်သူမကိုယ်ကိုဘောလုံးလေးလိုခွေကာအိပ်ပျော်သွားတော့သည်။

ညကတဖြေးဖြေးမှောင်လာခဲ့ပြီး အပြင်ကကားသံတွေကလွဲလို့တိတ်ဆိတ်နေခဲ့သည်။

ထိုအချိန်မှာပဲရုတ်တရက်သူမတံခါးသော့ဖွင့်သံကိုကြားလိုက်ရသည်။မီလိရဲ့ကြောင်နားရွက်ကလှုပ်သွားကာ စိတ်ရှုပ်ထွေးနေတဲ့ပုံစံနဲ့မျက်လုံးဖွင့်ကြည့်လိုက်ရာ တဖြည်းဖြည်း ပွင့်လာတဲ့တံခါးကနေအလင်းတန်းရေးရေးလေးထွက်လာခဲ့သည်။

မီလိပဟေဠိဖြစ်သွားကာဆိုဖာလက်ရန်းနောက်ကနေခေါင်းထွက်ကာကြည့်လိုက်တော့ လူတစ်ယောက်ကခိုးကြောင်ခိုးဝှက်နဲ့အိမ်ထဲဝင်လာပြီးတံခါးကိုဖွဖွလေးပိတ်ကာ တစ်ခန်းလုံးကိုကုတ်ချောင်းချောင်းနဲ့ လျှောက်ကြည့်နေသည်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now