အပိုင်း ၁၅

293 48 2
                                    

အပိုင်း ၁၅

မီလိ ရှီးပိုင်ချန်းကိုကလေးတွေနဲ့ထားခဲ့ရတာသိပ်ပြီးစိတ်မချပေ။ထိုည၉နာရီမှာ အိပ်ယာစောစောဝင်ပြီး အခြေနေတစ်ချက်သွားကြည့်ရန်ဆုံးဖြတ်လိုက်သည်။

ဝိညာဥ်ကူးတဲ့အကြိမ်အရေတွက်များလာတာနဲ့အမျှ မီလိတော်တော်လေးအသာကျလာခဲ့သည်။သူမ အိပ်ပျော်သွားတာနဲ့ သူမရဲ့ဝိညာဥ်လေထဲမှာမြောနေတာကိုခံစာမိကာ တခြားအရာဝတ္ထုတစ်ခုဆီဝင်မပူခင်အထိ သတိရှိနေခဲ့သည်။

မီလိ သတိဝင်လာချိန်မှာပထမဆုံးသတိထားမိတာက ဧည့်ခန်းတစ်ခုထဲရောက်နေတယ်ဆိုတာပင်။ဧည့်ခန်းထဲမှာ ဘာသံမှမကြားရပေမဲ့ ဘေးအခန်းကနေတော့အသံတိုးတိုးလေးတွေကြားနေရသည်။

ခဏအကြာမှာတော့ ဖက်ထုပ်လေး၂ယောက်ကပြေးထွက်လာခဲ့ကြသည်။မီလိ သူတို့ကိုမြင်ရချိန်မှာ သူတို့ရဲ့တစ်ကိုယ်လုံးကရှုပ်ပွနေကြသည်။

သူမမြင်လိုက်ရတာက ရှီးနော့ချီက XLဆိုဒ်တီရှပ်ကြီးကိုဝတ်ပြီး လက်ထဲမှာဖုန်စုတ်စက်ကိုကိုင်ကာ ပတ်ပြေးရင်းလျှောက်အော်နေပြီး ရှီးခယ့်ရန်ကတော့ သူမတစ်ရပ်စာထက်ပိုမြင့်တဲ့ယုန်ရုပ်ကြီးကိုကိုင်ကာ သူမရဲ့အစ်ကိုနောက်ကိုပတ်လိုက်နေသည်။

နှစ်ယောက်လူံးဆံပင်တွေကရှုပ်ပွနေပြီး အင်္ကျီတွေကလဲပေပွနေကာဖိနပ်လဲမပါပေ။၂ယောက်လုံး မနေ့ကလိုသပ်သပ်ရပ်ရပ်လေးရှိမနေတော့ဘဲ မနေ့ကနဲ့ယှဥ်ရင် တခြားစီပင်။
'လောင်ပိုင်က ဘာလုပ်နေတာလဲ?ကလေးတွေကို၂နာရီလောက်လေး လွှတ်ထားမိတာ လုံးဝဖျက်ဆီးမိသွားပြီပဲ'

ထိုအချိန်မှာပဲ ရှီးပိုင်ချန်းကကြော့ကြော့မော့မော့နဲ့အပြင်ကိုထွက်လာခဲ့သည်။ရီဝေနေတဲ့မျက်လုံတွေ ညအိပ်ဝတ်စုံနဲ့အိမ်စီးဖိနပ်တွေနဲ့သူ့ပူံစံက ချမ်းသာတဲ့အိမ်တော်ကသခင်လေးတစ်ယောက်လိုပင်။

မီလိမှာပိုတောင်စိတ်အခြေနေမကောင်းတော့ပေ။
'ကလေးတွေနဲ့ ခွေးနဲ့တောင်ခွဲလို့မရတော့အောင်စုတ်ပြတ်သပ်နေအောင်ပစ်ထားခဲ့တာ လောင်ပိုင်!ရှင်လူမှဟုတ်သေးရဲ့လား?!'

"မကစားနဲ့တော့ သွားအိပ်ကြတော့"ရှီးပိုင်ချန်းက ဖုန်စုတ်စက်ပေါ်မှာခြေထောက်နဲ့တက်နင်းထားကာ ဖက်ထုပ်လေးတွေကို မျက်နှာတည်တည်နဲ့ကြည့်ရင်း အခန်းထဲကိုပြန်ခိုင်းလိုက်သည်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now