22

273 40 0
                                    


အပိုင်း၂၂

မီလိတစ်ယောက် ခေါင်းအုံးကြီးကိုဖက်ရင်း အိပ်ယာပေါ်မှာလူးလှိမ့်နေကာ အရူးတစ်ယောက်လိုအော်နေမိသည်။လောင်ပိုင်စားရေးသောက်ရေးအဆင်ပြေရဲ့လား စိတ်ပူမိသည်။

ဝိညာဥ်ကူးတဲ့အကြိမ်ရေများလာတာနဲ့အမျှ သူမရဲ့မှတ်ဉာဏ်တွေကလဲ ပိုမိုရှင်းလင်းလာခဲ့သည်။အဲ့လိုမှတ်မိလာတာရဲ့အကျိုးဆက်ကတော့ အဆုံးမရှိတဲ့စိုးရိမ်မှုတွေနဲ့ ရှက်မိနေခြင်းတွေပင်။သူမ စိတ်ပူနေမိတာကလောင်ပိုင်ရဲ့စားရေးသောက်ရေးဖြစ်ပြီး ရှက်မိတာကတော့ လောင်ပိုင်ရှေ့ရောက်သွားတာနဲ့ သူမရဲ့အရှက်ဆိုတာကြီးကို လွှင့်ပစ်မိခြင်းပင်။

'ခဏ!'
မီလိရဲ့လှုပ်ရှားမှုတွေရပ်တန့်သွားသည်။ သူမက အိပ်ချိန်ဇယားဆွဲထားတယ်ဆိုပေမယ့်လဲ နိူးလာပြီးရင် ထပ်အိပ်လိူ့မရတာတော့မဟုတ်ဘူးလေ။သူမ အခုထိညစာမစားရသေးတဲ့လောင်ပိုင်နဲ့ရှောင်ပိုင်ရဲ့ပုံစံကိုမြင်ယောင်မိသွားသည်။မှောင်မိုက်နေတဲ့အိမ်အိုကြီးထဲမှာကြောင်တစ်ကောင်နဲ့လူတစ်ယောက်က အသင့်စားခေါက်ဆွဲတွေထိုင်စားနေကြတယ်... အဲ့မြင်ကွင်းကြီးကတော်တော်လေးသနားစရာကောင်းတာပဲ!

မီလိအိပ်ယာထကာ နွားနို့တစ်ခွက်သွားသောက်လိုက်ပြီးနောက် ချက်ချင်းပဲအိပ်ယာပေါ်ပြန်လှဲချလိုက်ကာထပ်အိပ်လိုက်သည်။

ထိုအချိန်တွင် ရှီးပိုင်ချန်းတစ်ယောက် မီးဖိုထဲကို ထင်ချောင်းတွေထည့်လိုက်ပြီး ရေနွေးကြိုလိုက်သည်။သူ့ဘေးမှာတော့ ခေါက်ဆွဲခြောက်တစ်ဖာနဲ့ ကြောင်စာတစ်ခွက်ရှိပြီး ရှောင်ပိုင်ကကြောင်စာခွက်ထဲကိုခေါင်းနှစ်ကာ ပျော်ပျော်ရွှင်ရွှင်နဲ့စားနေတော့သည်။

အိုးထဲကရေကပွက်လာခဲ့ကာ အငွေ့တွေထွက်လာခဲ့ပြီးနောက် သူခေါက်ဆွဲခြောက်ထုပ်ကိုဖွင့်ကာ ရေနွေးအိုးထဲထည့်မလို့ပြင်နေစဥ်မှာပဲအသံတစ်သံကိုကြားလိုက်ရသည် "ထင်တဲ့အတိုင်းပဲ ခေါက်ဆွဲပြုတ်တွေစားနေပြန်ပြီ!"

ရှီးပိုင်ချနိးရဲ့မှေးမှိန်ကာအသက်မဲ့နေတဲ့မျက်ဝန်းတွေက သူမရဲ့အသံကိုကြားတာနဲ့ချက်ချင်းတောက်ပလာခဲ့သည်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now