အပိုင်း ၂

393 48 2
                                    

အပိုင်း၂

မီလိ အိပ်ယာကနိူးလာချိန်မှာ ည၉နာရီကျော်နေပြီပင်။သူမ မျက်နှာကိုပွတ်သပ်လိုက်ကာ အိပ်ချင်မူးတူးနဲ့ရေချိုးခန်းထဲကိုဝင်သွားခဲ့သည်။

အိပ်မက်ထဲမှာကြုံရတဲ့အတွေ့ကြုံတွေကိုဝေဝေဝါးဝါးပဲမှတ်မိသည်။သူမ တံခါးဘဲလ်ဖြစ်လာပြီးနောက် အရမ်းယောကျာ်းဆန်တဲ့အမျိုးသားတစ်ယောက်နဲ့စကားပြောနေတာပဲမှတ်မိသည်။
"ရှင့်နာမည်ဘယ်လိုခေါ်လဲ...အခုကစပြီးကျမ ရှင့်ကိုလူအိုကြီးပိုင်လို့ခေါ်ရင်ရောဘယ်လိုလဲ?"

'လူအိုကြီးပိုင်?'
သူမ ဖြစ်ခဲ့တာတွေကိုပြန်စဥ်းစားကြည့်ပေမယ့်လဲ ထိုလူရဲ့ရုပ်သွင်ကိုတော့စဥ်းစားမရပေ။

'ငါဘယ်လိုလုပ်အဲ့လိုထူးဆန်းတဲ့အိပ်မက်တွေမက်နေရတာလဲ?အဲ့တာတွေကတကယ်အိပ်မက်သပ်သပ်ပဲလား?လူတစ်ယောက်တည်းရဲ့ပရိဘောဂတွေဖြစ်နေတာ၂ကြိမ်တောင်ရှိနေပြီ...'

မီလိ ရေချိုးပြီးနောက် လန်းဆန်းသွားသည်။သူမ အေပရွန်ဝတ်ကာ ကင်မရာတွေချိန်ပြီးနောက် ချက်ပြုတ်ကာတိုက်ရိုက်ထုတ်လွှင့်ဖို့ပြင်လိုက်သည်။

"ဒီနေ့ရဲ့ညလယ်စာ ​အဆာပြေမုန့်အနေနဲ့ ဝက်ဆားနယ်ခြောက်အစာသွပ်ထားတဲ့ကြက်ဥခေါက်မုန့်ကိုချက်ပြပေးသွားမှာပါနော်။လုပ်နည်းလေးကအရမ်းကိုလွယ်ကူရိုးရှင်းပေမယ့် အရမ်းအရသာရှိပါတယ်နော်" မီလိ ဂျုံ,ထောပတ်, ကြက်သွန်မြိတ်နဲ့ဆား,စတာတွေကို စားပွဲပေါ်မှာစီစီရီရီတင်ထားလိုက်သည်။သူမ ကြက်ဥ,ဂျုံနဲ့ နွားနို့တို့ကိုရောမွှေလိုက်ပြီးနောက် မွှေပြီးသားတွေထည့်ထားတဲ့ပန်းကန်ကိုပလတ်စတစ်နဲ့ပတ်ကာ ရေခဲသေတ္တာထဲမှာမိနစ်၃၀​လောက်အအေးခံလိုက်သည်။ မိနစ်၃၀ကြာပြီးနောက် ဒယ်အိုးကိုအပူပေးပြီး ဒယ်အိုးထဲမှာထောပတ်ထည့်လိုက်သည်။ ထောပတ်တွေအရည်ပျော်လာပြီးရွှေညိုရောင်သန်းလာတာနဲ့ ကြက်ဥ,ဂျုံနဲ့ နွားနို့တို့ကိုရောမွှေထားတဲ့အနှစ်ရည်ကို ဒယ်အိုးထဲပျံ့​အောင်ထည့်လိုက်သည်။ထို့နောက် ကြက်ဥတစ်လုံးဖောက်ကာ ခေါက်မုန့်ပေါ်တင်လိုက်ပြီး ကြက်ဥအနည်းငယ်ကျတ်​တာနဲ့ ဝက်ဆားနယ်ခြောက်ကို အပေါ်ကထပ်တင်လိုက်သည်။ အားလုံးပြီးတာနဲ့ ခေါက်မုန့်ရဲ့အစွန်းတွေကို အလယ်ကကြက်ဥနဲ့ဝက်ဆားနယ်ခြောက်ရှိရာဆီကို ခေါက်အုပ်လိုက်ပြီးနောက် ခဏအကြာမှာပန်းကန်ပြားပေါ်ဆယ်ထည့်လိုက်သည်။နောက်ဆုံးအနေနဲ့ပါးပါးလှီးထားတဲ့ကြက်သွန်မြိတ်ကို ခေါက်မုန့်ပေါ်ကနေဖြူးကာ အလှဆင်လိုက်သည်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now