အပိုင်း၁၃

297 47 0
                                    

အပိုင်း၁၃

"လောင်ပိုင် ဘာလို့အဲ့မှာတစ်ယောက်တည်းငိုင်နေတာလဲ?မြန်မြန် ကလေးတွေကိုခေါ်ပြီးထမင်းသွားစားလေ"မီလိက သတိပေးလိုက်သည် "ရှင်ဝယ်ထားတဲ့ထမင်းက တစ်ယောက်စာပဲလောက်တာ ပြီးတော့အပြင်စာတွေက သန့်မသန့်မသေချာဘူး"

ရှီးပိုင်ချန်းကတည်ငြိမ်နေကာ လက်ပိုက်လျက်အေးအေးဆေးဆေးထိုင်နေလျက်ရှိသည်။

ဖက်ထုပ်လေး၂ယောက်မှာ ရှီးပိုင်ချန်းကိုကြည့်လိုက် ပါဆယ်ကိုကြည့်လိုက်နဲ့ဖြစ်နေကြသည်။နှစ်ယောက်လုံးမှာကြောက်လွန်းလိူ့စကားတောင်မပြောရဲရှာပေ။

"သွားရအောင် ပြောစရာရှိရင် ညစာစားပြီးမှပဲပြောတော့"

ရှီးပိုင်ချန်းထရပ်လိုက်ကာ ထို၂ယောက်ကိုပြောလိုက်သည် "ထ..မင်းတို့ကိုညစာလိုက်ကျွေးမယ်"

ဖက်ထုပ်လေး၂ယောက်မှာ ချက်ချင်းပဲမျက်ဝန်းတွေတောက်ပသွားပြီး မြန်မြန်ဆိုဖာပေါ်ကခုန်ဆင်းလိုက်ကာ ရှီးပိုင်ချန်းနောက်မှာတန်းစီလိုက်ကြသည်။

ရှီးပိုင်ချန်းကရှေ့ကနေလျှောက်သွားတော့ သူတိူ့၂ယောက်ကနောက်ကနေထပ်ကြပ်မကွာလိုက်သွားကြသည်။

"ဖြေးဖြေးလျှောက်လေ"မီလိ သူ့ရင်ဘက်ကနေတစ်ဆင့် ပခုံးပေါ်တက်သွားကာ ဖက်ထုပ်လေးနှစ်ယောက်ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေလိုက်သည်။

ရှီးပိုင်ချန်းရဲ့ခြေလှမ်းတွေကရပ်သွားကာ ခြေသံသေးသေးလေးတွေအနားရောက်သံကြားရတော့မှပဲ ဆက်လျှောက်သွားသည်။

သူ ဖက်ထုပ်လေး၂ယောက်ကိုအနီးဆူံးတရုတ်စားသောက်ဆိုင်ဆီခေါ်သွားခဲ့ကာ တွေ့ရာဝိုင်းတစ်ဝိုင်းမှာဝင်ထိုင်ပြီးနောက် မီနူးစာရွက်ကမ်းပေးလိုက်သည် "ကြိုက်တာမှာစားကြ"

ဖက်ထုပ်လေးတွေမှာ မီနူးစာရွက်ပေါ်ကစာလုံးတွေကဖက်ရခက်နေတာကြောင့် အကြာကြီး စိုက်ကြည့်နေတာတွေ့တော့မီလိက ရှီးပိုင်ချန်းကိုပြောလိုက်သည် "လောင်ပိုင် ရှင်ကတော်တော်လွန်တာပဲ ၇နှစ်၈နှစ်ကလေးက ဘယ်လိုလုပ်အဲ့လောက်စာလုံးတွေအများကြီးသိမှာလဲ?ပြီးတော့ ကလေးတွေက အစပ်တွေအရမ်းမစားသင့်ဘူး သူ့တို့ကိုတွေ့ရာလျှောက်မှာစားခိူင်းလို့မဖြစ်ဘူးလေ"

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now