အပိုင်း၁၂

326 44 3
                                    

အပိုင်း၁၂

"ရှောင်မီညနေ့လည်စာသွားစားရအောင် ငါဝယ်ကျွေးမယ်"ကျုံချင်းက တက်ကြွစွာဖိတ်လာခဲ့သည်။

"တစ်ခုခုကောင်းတာဖြစ်လို့လား"မီလိ အရုပ်ချည်ထိုးရင်းနဲ့ နားကြပ်တပ်ကာပြန်ဖြေလိုက်သည်။

"ဒီနေ့လစာရလို့ နင့်ကိုစတိတ်ခ်ဝယ်ကျွေးမယ်"

မီလိ-"ဟားဟား အဲ့တာကြောင့်ဝယ်ကျွေးတာလား?ဘယ်ကိုလာခဲ့ရမလဲ?"

ကျုံချင်း-"ချန်ဟုန်လမ်းပေါ်က Geyazစားသောက်ဆိုင်ကိုလာခဲ့လိုက် လှလှပပဝတ်ခဲ့နော် ငါ့ကိုအရှက်မရစေနဲ့"

"အင်း အဲ့ကို၁၂ကွက်တိလာခဲ့လိုက်မယ်"ဖုန်းချပြီးနောက် မီလိရေသွားချိုးကာ စကပ်အရှည်နဲ့ လည်ပင်းမှာတော့လိပ်ပြာပုံဆွဲသီးနဲ့ဆွဲကြိုးကိုဝတ်လိုက်သည်။ထို့နောက် အိတ်အသေးလေးလွဲလိုက် ရိုးရှင်းလှပတဲ့ဖိနပ်ကိုစီးလိုက်ကာ သူမရဲ့ပုံစံကငယ်ရွယ်တဲ့မိန်းကလေးပုံစံဖြစ်သွားခဲ့သည်။

မီလိကမိတ်ပေါလှသည်:အားကစားသမား,fashionista,အကစားနည်းပြ,စားဖိုမှူး,စသဖြင့်။ကျုံချင်းက ဇိမ်ခံပစ္စည်းတွေကိုသဘောကျတဲ့ fashionista,တစ်ယောက်ဖြစ်ပေမဲ့ သူမကြိုက်တဲ့ပစ္စည်းမျိုးမှသာဝယ်တတ်ပြီး ငွေကိုအလျှံပယ်မဖြုန်းတတ်ပေ။

မီလိ ဆိုင်ကိုရောက်သွားတော့ ပြတင်းပေါက်ဘေးမှာထိုင်နေတဲ့ကျုံချင်းကို တွေ့လိုက်ရသည်။သူမ လက်ပြကာနှုတ်ဆက်ရင်းလျှောက်လာပြီးမှ ကျုံချင်းဘေးမှာ နောက်ထပ်အမျိုးသားတစ်ယောက်ထိုင်နေတာကိုတွေ့လိုက်ရသည်။

"ဒါက..?"မီလိက ကျုံချင်းကိုထိူလူဘယ်သူလဲမေးသလို ကြည့်လိုက်သည်။

ကျုံချင်းနဲ့ထိုအမျိုးသားမှာတစ်ပြိုင်တည်းထရပ်လိုက်ကြကာ ကျုံချင်းကပြုံးပြလိုက်သည် "ရှောင်မီ ဒါငါ့အစ်ကို ကျုံယုလေ။ ကော ဒါက ညီမလေးပြောတဲ့ ရှောင်မီလေ, မီလိ"

မီလိအံ့ဩသွားသည် သူမထိုလူကိုကျုံချင်းရဲ့ကောင်လေးလို့ထင်ခဲ့မိတာပင်။

ထိုလူက၂၇ ၂၈လောက်ရှိပုံပေါ်ပြီး ထက်မြတ်ပုံပေါ်သည်။လူတစ်ယောက်ကိုစိုက်ကြည့်လိုက်ရင် သူ့အကြည့်တွေထဲမှာထိုလူသာရှိပုံပေါ်ပြီး မိန်းကလေးတွေကိုအကြည့်တစ်ချက်နဲ့တင်ဆွဲဆောင်နိုင်တဲ့လူစားမျိုးပင်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now