အပိုင်း၈

312 47 1
                                    

အပိုင်း၈

မီလိ သန့်စင်ခန်းထဲမှာနေရင်းအပြင်ကလှုပ်ရှားသံတွေကိုနားစွင့်နေလိုက်သည်။အချိန်နဲ့အမျှအပြင်ကနေ ရေကျသံတွေနဲ့ခြေသံတွေကြားနေရသည်။

၃မိနစ်ကြာပြီးနောက် အပြင်မှာရှိတဲ့အပေါ့သွားသံတွေကြောင့် မီလိ သူမအခုအမျိုးသားအိမ်သာထဲမှာရောက်နေကြောင်းသိလိုက်ရသည်။ယောကျာ်းလေးတွေက အပေါ့သွားရင် အိမ်သာသုံးနိုင်ချေနည်းတာကြောင့် သူမ(အိမ်သာသုံးစက္ကူ)ကိုအသုံးခံရမယ့်အခွင့်ရေးနည်းသည်။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာတစ်ခုက လူတစ်ယောက်အိမ်သာထဲရောက်လာတာနဲ့ ထိုလူကယောကျာ်းတစ်ယောက်ဖြစ်နေမှာပင်။ထို့ပြင်သူမကထိုလူရဲ့ခန္ဓာကိုယ်အောက်ပိုင်းကြီးနဲ့ကွက်တိမျက်နှာချင်းဆိုင်ရမှာပဲ..

မီလိ ဒီအခြေနေကြီးကနေလွတ်နိုင်ရန် အားကုန်သုံးကာတတ်နိုင်သမျှကိုယ်ကိုလှိမ့်လိုက်သည်။၄,၅မိနစ်လောက်ရုန်းကန်ပြီးနောက် သူမရဲ့ဉာဏပက်လယ်ထဲမှာမတည်မငြိမ်တွေဖြစ်လာကာ နောက်ဆုံးတော့သူမရဲ့ဝိညာဥ်က မူလကမ္ဘာဆီပြန်ထွက်သွားတော့သ​ည်။

"Yeah!"မီလိတစ်ယောက်ပျော်လွန်းလို့ထငိုမိမတတ်ပင်။ဒါပေမဲ့ အမှန်တရားကတော့ရက်စက်လွန်းသည်။နောက်တစ်စက္ကန့်အတွင်းမှာပဲသူမသိလိုက်ရတာက သူမကအရင်အိမ်သာထဲကအိမ်သာသုံးစက္ကူအဖြစ်ကနေ ဘေးအိမ်သာထဲကအိမ်သာသုံးစက္ကူအဖြစ်ပြောင်းလဲသွားတယ်ဆိုတာပင်။

"လာနောက်နေတာလားဟ?!"

ပိုဆိုးတာကတော့ ထိုအချိန်မှာပဲရုတ်တရက်အမျိုးသားတစ်ယောက်က သူမရှိနေတဲ့ အိမ်သာထဲရောက်လာခဲ့ကာ သူ့ရဲ့ဘောင်းဘီခါးပတ်ကိုဆွဲချွတ်နေပြီး အပေါ့သွားဖို့ပြင်နေတာပင်။

"မဖြစ်ဘူး!မဖြစ်ဘူး!မဖြစ်ဘူး!"မီလိရဲ့နှလုံးသားလေးကကွဲကြေသွားတော့သည်။ခံစားချက်တွေပြင်းထန်လွန်းနေတာကြောင့် သူမရဲ့အသိဉာဏ်ကတုန်လှုပ်သွားပြီး စောစောကအိမ်သာထဲပဲပြန်ရောက်သွားခဲ့သည်။သူမ လောလောဆယ်အိမ်သာသုံးစက္ကူကြီးဖြစ်နေပေမဲ့လဲ အနည်းဆုံးတော့ချီးပေမဲ့ဘဝကြီးကိုရှောင်နိုင်ခဲ့ပြီ။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now