20

264 42 0
                                    

အပိုင်း၂၀

(Big warning: ရွံစရာအခန်းတချို့ပါသောကြောင့် အစားစားရင်းမဖတ်ပါရန်...)

ရှီးပိုင်ချန်းက ကြောက်မီလိကိုသူ့လက်ထဲမှာတစ်ချိန်လုံးပွေ့ချီထားကာ ဖက်ထုပ်လေးတွေကိုတောင်မှကိုင်ခွင့်မပေးပေ။

သူ သန့်စင်ခန်းထဲသွားချိန်ရင်တောင်မှပဲ မီလိကို ခေါ်သွားခဲ့သည်။

မီလိ မကျေမနပ်ဖြစ်သွားကာ"ဘာလို့ကျမကို သန့်စင်ခန်းထဲအထိခေါ်လာတာလဲ?"

"ငါနဲ့စကားပြောရအောင်လို့လေ"ရှီးပိုင်ချန်းက မျက်နှာတစ်ချက်မပျက်ဘဲပြန်ဖြေလိုက်သည်။

"အိမ်သာကြီးကနံ့စော်နေတာကို ဘာများပြောစရာရှိသေးလို့လဲ?!"မီလိ ယောက်ကျာ်းကြီးတစ်ယောက် အိမ်သာခွက်ပေါ်ထိုင်နေတာကြီးကိုမကြည့်ချင်ပေ။ဘယ်လောက်ပဲရုပ်ချောနေပါစေ အိမ်သာခွက်ပေါ်ထိုင်ရင်တော့အားလုံးကအတူတူပဲပင်..

ရှီးပိုင်ချန်းက ခါးပတ်တောင်စဖြုတ်နေပြီပင်။

မီလိ သူ့ကိုကျောပေးပြီး တံခါးကိုမျက်နှာမူကာထိုင်ချလိုက်သည် ဒါမှမမြင်သင့်တာမမြင်ရတော့မှာ..သူမ မှတ်မိနေသေးသည် အရင်ကသူမအိမ်သာသုံးတစ်ရှုးလိပ်အဖြစ်ပြောင်းသွားခဲ့စဥ်က ဒီတစ်ယောက်ကသူမကိုနှာဘူးလို့စွပ်စွဲခဲ့တာပင်။အခုတော့ကြည့်ပါအုံး သူကအရင်သူမရှေ့မှာဘောင်းဘီချွတ်ဖို့ပြင်နေတာ..

ရှီးပိုင်ချန်း တည်ငြိမ်စွာထိုင်ချလိုက်ကာ ဒူးပေါ်လက်တင်ရင်း မီလိကိုတိတ်တဆိတ်ကြည့်နေလိုက်သည်။

မီလိ အသက်ရှူအောင့်ထားမိသည်။သူမရဲ့နားရွက်တွေက နောက်ကလှုပ်ရှားမှုကိုအလိုလိုအာရုံခံမိနေသည်။ကျနေတဲ့အသံကနေ မစင်ရဲ့အခြေနေကိုခန့်မှန်းလို့ရနေသည် ကြီးလားသေးလား တစ်ဝက်တစ်ပြတ်ကြီးလား ဒါမှမဟုတ် သဘာဝအတိုင်းကြီးလား...
'အာာား!ငါ ဘာတွေလျှောက်တွေးနေတာလဲ?!'

သူမရဲ့ကြောင်လက်သေးသေးလေးတွေနဲ့ ခေါင်းကိုလှမ်းအုပ်လိုက်မိသည်။

"ဘာတွေလုပ်နေတာလဲ?"ရှီးပိုင်ချန်းရဲ့ဩရှရှအသံက နောက်ကနေထွက်ပေါ်လာခဲ့သည်။

အိပ်ပျော်စဥ်တိုင်းမှာ ငါ့ခန္ဓာကိုယ်ကပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတော့တာပါပဲ!Where stories live. Discover now