Intro
မိုးထိခေါင် ...
"ကျွန်တော်က သျှားကို ချစ်တယ်
သျှားက အခြားသူကို ချစ်တယ်
လူတိုင်းက ချစ်ချင်ရာကို ချစ်နေကြတာပဲ
မျှတပါတယ်
ဒါပေမဲ့ ကျွန်တော်ချစ်တဲ့သူက အခြားသူကိုငေးနေတာတော့ နာကျင်ရတာပေါ့ဗျာ "သျှားမင်းခန့် ....
" မင်းအပေါ်ကို အစွမ်းကုန်ချစ်မိခဲ့လို့
နောင်တမရပါဘူး အချစ်ရေ
မင်းကို အပြစ်လဲမတင်ပါဘူး
သိပ်ချစ်မိတဲ့ ငါကပဲ အပြစ်ရှိတာမို့လို့ "ခေတ်လင်းမောင် ....
" ပေါင်းဖက်ခွင့်မရှိတဲ့ကံတရားကိုမုန်းတယ်
လူတွေသတ်မှတ်ထားနဲ့ စည်းဘောင်တွေကို
မချိုးဖောက်ရဲဘဲ သူရဲဘောကြောင်တဲ့
ငါ့ကိုယ်ငါ ပိုမုန်းတယ်။ "************
Now .....
" မဟုတ်ဘူးနော် မောင် .....
မောင်ထင်သလိုမဟုတ်ဘူး!!!!......""ဘာကိုမဟုတ်တာလဲ .....
မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာကြီးကို .....အဲ့တာကြောင့် လူတွေကပြောတာ
ရင်ထဲမှာ တစ်စုံတစ်ယောက်ကို အကြာကြီးသိမ်းဆည်းထားဖူးတဲ့ သူကို ဘယ်တော့မှ
မချစ်မိေစနဲ့....
သူတို့မေ့နိုင်တယ်ဆိုတာ လိမ်တာပဲတဲ့ ....."" မောင် !!! "
" ဘာလဲ မှန်သွားလို့လား ....."
" တော်ပြီ .....
ထင်ချင်သလိုထင် မယုံတဲ့သူကို
ရှင်းပြနေလိမ့်မယ်လို့ မောင်မထင်နဲ့ "" မရှင်းနိုင်ဘူးဆိုတာ ဝန်ခံလိုက်တာလား"
" ပြောပြီးလေ ထင်ချင်သလိုထင်လို့ !!...."
သျှားမင်းခန့် တဂယ်ဘာမှမပြောချင်တော့ပါ
ပြောဖို့လဲ စကားမရှိပါ ....
အတိတ်ကိုသာ ပြန်သွားလို့ရရင်ဖြင့်
အားလုံးကို ပြန်ပြင်ဆင်မိမည်သာ.....*************
Past ......
လက်ပံကုန်းတစ်ရွာလုံးကို ဖြတ်သန်းလာဟန်တူသော လေနုအေးအေးကလေးများသည် အိပ်ပျော်နေသော သျှားမင်းခန့်၏
ပါးပြင်နုနုလေးပေါ်သို့ လာရောက်ကျီစယ်
နေကြသလို ဖြစ်နေသဖြင့် မျက်လုံးများမဖွင့်ဘဲ
အိပ်ချင်မူးတူးဖြင့် စောင်ကို ခေါင်းအထိ လုံအောင် ဆွဲခြုံထားလိုက်မိသည်
YOU ARE READING
ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)
Romance" ချစ်ခြင်းတရားတွေသာ စစ်မှန်ခဲ့လျှင် ခွဲခွာခြင်းဟူသည် ဘယ်တော့မှ မရှိနိုင်ပါ အမှန်တကယ် နီးစပ်ချင်လျှင် နည်းလမ်းမျိုးစုံရှိပါသည် မနီးစပ်ချင်၍သာ အကြောင်းပြချက်မျိုးစုံပေးပြီး ခွဲခွာကြရခြင်းပင် "