14

88 4 1
                                    

ဒီနေ့ဆိုလျှင်လင်းမောင်တို့ ရန်ကုန်ရောက်တာ သုံးရက်မြောက်ရှိ‌ေနပြီဖြစ်သည်။

မနက်ဖြန်ဆို ပြန်ကြမှာ ဖြစ်သဖြင့်
စိုပြေမောင့်ဦးလေးအိမ်တွင် သူတို့အထုတ်များကို ပြန်လည် ထုတ်ပိုးသိမ်းဆည်း နေကြရပြီ ဖြစ်သည် ။

လင်းမောင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ အဝတ်အစားများကို ခေါက်ပင်မခေါက်ဘဲ စိတ်မပါလက်မပါဖြင့် ဖြစ်သလိုလုံးချေထည့်နေသည်။
အလာတုန်းက နှင့် လွန်စွာကွာခြားနေသော လင်း‌ေမာင်ရဲ့မျက်နှာပေးကို စိုပြေမောင် စချင်လာပါသည်

" လင်းမောင် ...."

" ပြော..."

" မင်းပြန်ချင်ရဲ့လား"

" မပြန်ချင်သေးလဲ ပြန်ရမှာပဲ
ကျောင်းကပြန်ဖွင့်တော့မှာလေ "

" မင်းသိရင်လဲပြီးတာပဲ
ငါနဲ့ မနက်ဖြန်ပြန်ရင် အဲ့မျက်နှာကြီးနဲ့ မလိုက်နဲ့နော်
မသိရင် ငါကပြန်ပေးဆွဲလာတယ် ထင်နေကြရော့မယ် "

လင်းမောင် စကားဖြင့်မပြောတော့ဘဲ လက်ထဲတွင်ရှိသော ဂျင်းဘောင်းဘီဖြင့်သာ သူ့မျက်နှာကိုလှမ်းပစ်လိုက်မိသည်

လူက စိတ်ညစ်နေရကြားထဲ သူကတစ်မျိုး။

ခန့်သည် ယခု ပြန်တွေ့သောအခါ အတော်လေး ချစ်စရာကောင်းလာသည်

သူကတော့ ပျဉ်းမနားဘက်တွင်နေရသဖြင့်
အသားအနည်းငယ်ညိုသွားသော်လဲ
ခန့်ကတော့ ဖြူဖြူဖွေးဖွေး ရန်ကုန်သားလေးဖြစ်လာပါသည်
မျက်စိအားနည်းသဖြင့် မျက်မှန်လေး တပ်ထားရသော ခန့် ကို တကယ် ကြည့်လို့မဝသေးပါ ။

သူ ခန့်၏ သူငယ်ချင်းများကိုလေ့လာကြည့်ရာတွင် အားလုံးက အဆင်ပြေပါသည်
ခန့်အပေါ်တွင်လည်း ဖော်ရွေကြပါသည်
အပေါင်းအသင်းမရှိမှာကို စိတ်ပူခဲ့ရသေးသော်လည်း အခုတော့ စိတ်ချရပါပြီလေ

" လင်းမောင် !!!"

" ဘာလဲကွာ "

" ငါခေါ်နေတာကြာပြီ မင်းဘာတွေအတွေးလွန်နေတာလဲ "

" ဘာမှမတွေးဘူး
ပြော ....ဘာပြောမို့လဲ "

" နက်ဖြန် ဟိုကလေးတွေကို မုန့်လိုက်ကျွေးရအောင် ငါရှင်းပါ့မယ်ကွာ"

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now