24

82 4 1
                                    

" သားပြောတာ တကယ်လားသမီးသွယ် "

" တကယ်ပါ အန်တီ "

မေမေက မေးတော့ သွယ်က ရှက်ဝဲဝဲ အသံကလေးဖြင့် မျက်လွှာချကာ ဖြေလာသည်

" ဝမ်းသာလိုက်တာကွယ် ...သားနဲ့ ဟိုရက်ကတောင်ပြောဖြစ်သေးတယ်
သွယ်ကို သမီးလို့ အမြန်ခေါ်ချင်နေပြီလို့ "

" အန်တီရယ် အခုခေါ်လဲ သွယ်က ဝမ်းသာမိမှာပါ ....အန်တီကိုလေ သွယ့်မေမေနဲ့ တစ်ဂိုဏ်းထဲထားပြီး ချစ်ကြောက်ရိုသေပါ့မယ် "

အစ်ကို့မေမေ နှင့် သွယ်တို့ အိမ်ရှေ့ခန်းတွင် မဂ်လာရှက်ရှေ့တိုးမည့်အကြောင်းကို ပြောကြရင်း
အချင်းချင်း ယုံကြည်မှုတွေ သံယောဇဉ်တွေ
တည်ဆောက်နေကြရသည်

အိမ်ထောင်နှစ်ခု ပေါင်းစည်းပြီး တစ်အိမ်ထောင်ဖြစ်လာကြမည့်သူတွေမို့ ဒီလောက်ကတော့ ပြောရမှာ ပုံမှန်ဖြစ်ပါသည်

ပုံမှန်မဟုတ်တာက အစ်ကိုဖြစ်သည်
အစ်ကိုသည် သွယ်နှင့်မဂ်လာသာ ဆောင်ရတော့မည်

တစ်ခါမှ ရှေ့ရေးကို မဆွေးနွေး ကြဖူးဘူးး
တစ်ကယ်ဆို ဒါတွေက ‌အန်တီနဲ့ထက်
အစ်ကိုက ပြောသင့်တာမဟုတ်ဘူးလား

~~~~~~~~~~~~~~~

" ရန်ကုန်သွားရင်ကားကြုံလေးလိုက်ချင်လို့"

" ဗျာ! "

မိုးထိခေါင် ပန်းခင်းအတွက် ဓာတ်မြေဩဇာများ အချိုးကျ စပ်နေသည်ကို သျှားက နားမလည်သော်လည်း တစ်ချိန်လုံး‌ ဘေးကနေ
ငြိမ်သက်စွာ လိုက်ကြည့်နေလေသည်

ထိုသို့ငြိမ်နေရင်းမှ ရုတ်တရက်ကြီး ထပြောလာသောကြောင့် မိုးထိခေါင် အကြောင်သား
ဖြစ်သွားရသည်

သျှားကရန်ကုန်လိုက်မည်တဲ့  သူနဲ့ မခွဲနိုင်လို့များလား

" သျှားက ဘယ်သူ့နောက်လိုက်မလို့လဲ "

" ဟင် ! ဘယ်လိုမေးခွန်းကြီးလဲ
ဘယ်သူ့ဆီသွားမလို့လဲ လို့ မေးရင်မှဟုတ်ဦးမယ် "

" ဪ ...အင်း အဲ့တာကိုမေးတာ "

" အဆောင်သွားမလို့လေ
မကြာခင် order တွေကျလာတော့မှာ "

သျှားသည် ကျောင်းဆရာအလုပ်ကလေးကို အတော် သဘောကျပုံရသည်
ပြောနေလိုက်တာများ ကြည်ကြည်နူးနူး
တွေးဆဆလေးဖြင့်

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now