" သား !! လင်းမောင် ...."
" ဗျာ ....ဗျာ မေမေ ပြောလေ... "
" ငါ့သားနှယ့် မေမေခေါ်နေတာကြာပြီ
ဘာလဲ ဇနီးလောင်းလေးကို လွမ်းနေပြီလား "" မဟုတ်ပါဘူးမေမေရာ "
မေ့မေ့ကို မအိပ်ခင် ကန်တော့ပြီးတော့ခြေဆုပ်လက်နယ် ပြုပေးနေတုန်းမေမေက သူ့ကိုနောက်နေခြင်းဖြစ်သည်။
ညနေက ခန့် နဲ့စကားပြောခဲ့ကြသည်ကို ပြန်တွေးနေတုန်း မေမေက သွယ့်ကို လွမ်းလို့လားတဲ့
မေမမေက သူ့ကို သွယ်နဲ့ မှားပြောလို့ သားတော့ ခန့်စိတ်ကောက်တာခံရတော့မှာပဲ
မေမေရယ် .....
ခေတ်လင်းမောင်တွေးရင်းဖြင့် မျက်ရည်များကျလာကာ မေ့မေ့ခြေထောက်ပေါ်သို့မျက်ရည်တစ်စက် ကျသွားသည်မို့ မေမေက
လှဲနေရာမှ ထလာကာ" သား ...ဘာလို့ငိုနေတာလဲ ...."
မေမေက သူ့အားစိုးရိမ်မှုအပြည့်ဖြင့် ကြည့်ကာမေးလာသည်
ခုနက သွယ့်အကြောင်းပြောနေတုန်းက ကြည်လင်နေတဲ့ မေ့မေ့ မျက်နှာကလေးသည်
ရုတ်တရက် ရွာချတော့မည့် ကောင်းကင်ပမာ
အုံ့မိုင်းလာသည်သူမေမေ့ကို အပူတွေပေးနေမိပြီလား ....
" မငိုပါဘူးမေမေရယ် ....နှာမွှန်နေလို့ နှာရည်ကျသွားတာပါ "
တောင်းပန်ပါတယ်မေမေ သားမေမေ့ကို
လိမ်ညာနေမိပြီသို့သော်လည်း ခန့်နဲ့ ပတ်သတ်ပြီး ကျူးလွန်မိတဲ့ ကံတစ်ပါးမို့သာ သူဖြေသာရသည်
" အော် ...သိပါဘူးတော် ....ကောင်မလေးအကြောင်းပြောလို့ သတိရပြီးငို နေတာလားလို့ ပါ "
" မေမေကလဲ ...."
" မေမေကလဲ လုပ်မနေနဲ့ သား ...
သားမိန်းမယူတာ စောသေးတယ်ဆိုပေမဲ့လေ
မေမေဖြင့် သွယ်လေးကို သိပ်စိတ်တိုင်းကျတာပဲကွယ်ဖွင့်သာမပြောဖစ်တာ ....ငါသားလူရွေးမှားမှာ
မဟုတ်မဟက်တွေနဲ့ ဖြစ်သွားမှာ မေမေဖြင့်
သိပ်စိုးရိမ်နေခဲ့ တာခုမှပဲ ဒီသားလေးအတွက်စိတ်ချရတော့တယ်"
မေမေက သူ့ကိုကြည့်တာ စိတ်အေးလက်အေးဖြင့် ပြောလာခဲ့သည်
YOU ARE READING
ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)
Romance" ချစ်ခြင်းတရားတွေသာ စစ်မှန်ခဲ့လျှင် ခွဲခွာခြင်းဟူသည် ဘယ်တော့မှ မရှိနိုင်ပါ အမှန်တကယ် နီးစပ်ချင်လျှင် နည်းလမ်းမျိုးစုံရှိပါသည် မနီးစပ်ချင်၍သာ အကြောင်းပြချက်မျိုးစုံပေးပြီး ခွဲခွာကြရခြင်းပင် "