33

110 6 3
                                    

" တောက်စ်! "

တောက်ခေါက်သံ ခပ်ပြင်းပြင်းတစ်ချက်က တိတ်ဆိတ်နေသောကြောင့် တစ်ခန်းလုံးသို့လွှမ်းခြုံသွားသည်

Boss၏အမိန့်ပေးသံကိုစောင့်နေသဖြင့် ဘေးတွင်ရပ်နေရသော ထူးအောင်ပင် သိမ့်ခနဲဖြစ်သွားရသည်

ဒီနှစ်တွေအတွင်း မတွေ့ရတာကြာပြီဖြစ်သော boss၏ အလွန်ဒေါသထွက်နေသောပုံစံက
အတော်ပင်ကြောက်ဖို့ကောင်းပါသည်

စိတ်တိုလွန်းသဖြင့် ထောင်လာသော လည်ပင်းကြောများကြောင့် စေ့ထားသော အိမ်းကျီ ကြယ်စေ့ကို အကြမ်းပတမ်းဆွဲဖြုတ်ရင်း

" သူဆိုတာသေချာလား ထူးအောင် "

" သေချာပါတယ်boss
အစ်ကိုလေးရဲ့သူငယ်ချင်း လင်းမောင်ပါ
အခုတော့ အစ်ကိုလေးရဲ့အိမ်မှာပဲ တည်းနေပါတယ် "

" ကျစ် !! သျှားကွာ ...."

" ကျွန်တော်စုံစမ်းရသလောက် အဲ့ဒီ
ကိုခေတ်လင်းမောင်က သူ့မိန်းမနဲ့ကွာရှင်းလိုက်ပြီတဲ့ အကြောင်းအရင်းကတော့
သေချာမသိရဘူး "

" အကြောင်းအရင်းကို ငါသိတယ် ထူးအောင်
အလုပ်ရှုပ်ခံပြီးစုံစမ်းမနေနဲ့
လင်းမောင် ...လင်းမောင် ...မင်းကသေချာကြံစည်ပြီးနောက်ကြောင်းပါရှင်းထားတာပဲ"

" ကျွန်တော်ဘာဆက်လုပ်ရမလဲboss"

" လေယာဉ်လက်မှတ်ကြိုဖြတ်ထား ငါတို့ကလောကိုပြန်ဆင်းမယ်
ဒီကအလုပ်တွေကို တစ်ပတ်အတွင်းရအောင်ဖြတ်ကြရမယ် ကြားလား ! "

" ဟုတ်ကဲ့ "

Boss ကြည့်ရတာအတော်စိတ်ဆိုးနေပုံရသည်
အစ်ကိုလေးဆီကို သူ့သူငယ်ချင်းလာတာပဲ
ဒါသာမာန်ပဲလေ ဘာဖြစ်လို့လဲ

အဖြစ်အပျက်များကို ထူးအောင်တကယ်ပင်နားမလည်တော့ပါ
နောက်မှ အန်ကယ်ညိုဝင်းကို မေးရမည်

~~~~~~~~~~~~~~~~

" မမသွယ် ! "

" ချို ...."

မဂ်လာချိုတစ်ယောက် အခန်းထဲတွင်စာအုပ်ဖတ်နေတုန်း မေမေက မမသွယ် ရောက်နေသည်ဟု လာပြောတော့ အတော်လေးအံ့ဩသွားရသည်

ပုံမှန်ဆို အိမ်မလာပဲ တစ်ဆိုင်ဆိုင်တွင်သာ ချိန်းတတ်တဲ့ မမသွယ်က ဘာလို့ပါလိမ့်

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now