28

90 4 2
                                    

" ကျွီ "

ကားဘရိတ်အုပ်သံကြားတော့ သျှားမင်းခန့် အိပ်ပျော်နေရာမှ လှုပ်စိစိလေး ဖြစ်ကာနိုးလာသည်

အိပ်ချင်မပြေသေးသော မျက်လုံးကလေးများကို လက်ဖြင့်ပွတ်ရင်း အရှေ့ကိုပြူးပြဲ
ကြည့်လိုက်မိသည်

" ငါဘယ်ရောက်နေတာလဲ "

ကလောမဟုတ်တာတော့ သေချာပါသည်
ရာသီဥတုကလဲ ပူကပူနဲ့

" ဒါကျွန်တော့်အိမ်လေ ကျွန်တော်သျှားကိုခေါ်လာာတာ "

ခေါင့် အသံကြားမှပဲ ဘေးမှာခေါင်ရှိသေးမှန်း သတိရတော့သည်

" ဪ ...မင်းယူစရာရှိလို့လား"

" မရှိပါဘူး ...ဒီမှာ ခရီးခဏနားကြမယ်လေ
သုံးရက်လောက်ပေါ့ "

" ဟမ် ! သုံးရက်ကြီးတောင် "

သျှားက ဆူပုတ်ပုတ်ဖြင့်သူ့ကိုပြန်မေးလာ
‌ေလသည်
ဘယ်လိုဟာလေးပါလိမ့်
လူကိုမယုံဘူးလားမသိ

" နေပါဦး ...ဒီမှာ မင်းနဲ့ ငါအပြင် တခြားဘယ်သူမှမရှိတော့ဘူးလား "

" အလုပ်သမားတွေတော့ရှိပါတယ် "

" ဪ "

သူတို့ကားပေါ်ကဆင်းပြီး မကြာမီပင်
ဟင်းချက်အဒေါ်ကြီးရောက်လာကာ

" အစ်ကိုလေး ပြန်ရောက်လာပြီလား
ဪ ...ဧည့်သည်ပါလာတာကိုး "

" ဧည့်သည် မဟုတ်ပါဘူး ဒေါ်ဒေါ် "

အဒေါ်ကြီးက ခဏ ကြောင်သွားဟန်ဖြင့်
ပြီးတော့မှ

" ဟင် ! ဪ ...အေးပါကွယ် "

ခေါင့်၏အပြောကြောင့် သျှားတကယ်ပင် မျက်နှာပူရပါသည်
အဒေါ်ကြီးက ဧည့်သည်လို့ပြောတာကို ငြိမ်ခံလိုက်ရင်ပြီးနေတာကို တကယ်ပါပဲ

" အစ်ကိုလေး လက်ထဲကအထုပ်တွေပေးလေ "

အလုပ်သမားဖြစ်ဟန်တူသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက ပါးစပ်ကလဲပြော ခေါင့်လက်ထဲက အိတ်ကိုလဲ ယူလိုက်သည်

ဒီလိုကျတော့လဲ ခေါင်က တကယ့်လူကြီးလိုပင်

" သျှားရဲ့အထုပ်တွေကို မောင့်အလုပ်သမားဆီ ပေးလိုက်လေ လေးနေမှာပေါ့  "

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now