" ခန့် မောနေလား ....ရော့ ရေလေးသောက်လိုက် ....."
ခေတ်လင်းမောင်တစ်ယောက် သူ့အကျင့်အတိုင်း ပါးစပ်ကလဲပြော လက်ကလဲ ယပ်ခတ်ပေးနေရင်း ရေဘူးကို ဖွင့်နေသည်
" ရပါတယ် လင်းမောင်ရယ် ....
ငါကကားနဲ့လာတာပါ ... ပြေးလာတာမဟုတ်ဘူး..."" အဲ့မှာတစ်ကွက် ......"
စိုပြေမောင်က အားရဝမ်းသာဖြင့်ဝင်ပြောလိုက်သည်
သျှားမင်းခန့်တို့သည် သူတို့အဆောင်သို့
ရောက်လာပြီဖြစ်သည်ထိုကောင်လေးရောက်ကထဲက လင်းမောင်တစ်ယောက် ပျာယာခတ်နေတာ တဂယ်အမြင်ကပ်လာရသည်
" တဂယ်ပိုကိုပိုလွန်းတဲ့ကောင်
ဒီပုံစံနဲ့ မင်းဘယ်အချိန်ထိ ဖုံးကွယ်နိုင်မလဲ
ငါစောင့်ကြည့်မယ် ခေတ်လင်းမောင် ..."စိုပြေမောင်တွေးနေရင်းဖြင့် သျှားမင်းခန့်ဘေးမှ နှုတ်ခမ်းကိုထော်လန်ကာ ပူပြင်းသော ရာသီဥတုကို ပွစိပွစိ အပြစ်တင်နေေသာ ကလေးပေါက်စန ဘက်သို့
အကြည့်ရောက်သွားပြီး စချင်စိတ်များ
တဖွားဖွားပေါ်လာမိသည်" လင်းမောင် ...."
" အေး..."
" မင်းသူငယ်ချင်းနဲ့ မတွေ့ရတာကြာပြီဆိုတော့ မင်းတို့နှစ်ယောက် တစ်ခန်းထဲအတူနေလိုက်ပါလား ...."
" ဟ !!!မရဘူးနော် ....
သျှားမင်းခန့်က သူနဲ့နေရင် ငါကဘယ်သူနဲ့နေရမှာလဲ ...."ဆင်ထားတဲ့ အကွက်ထဲသိူ့ရောက်လာသော
စွာကျယ်လေးကို ကြည့်ရင်း ရီချင်စိတ်ကို
မနည်းသည်းခံထားရသည်" ငါနဲ့နေရမှာပေါ့ ရှင်းနေတာပဲကို ...."
" ဘာပြောတယ် !!! ခင်ဗျားနဲ့နေစရာလား"
" မင်းကို ငါပြောပါဦးမယ် ...
ဒီမှာ သျှားမင်းခန့်က လွဲရင် မင်းထက်အငယ်လေး တစ်ယောက်မှမပါဘူး"တစ်ငါငါ နဲ့ ငါ့ကိုလဲ ခင်ဗျားလေးဘာလေး"
" ခင်ဗျားမို့လို့ ခေါ်တာ
အစ်ကိုလင်းမောင်ကို ကျတော့ အစ်ကိုလင်းမောင်လို့ ခေါ်တာ မယုံရင်မေးကြည့်ပါလား"ဇွဲဝန်းရံက ခေတ်လင်းမောင်ဘက်သို့မေးဆတ်ပြလိုက်သည်
" ဟုတ်တယ်ကွ ဇွဲဝန်းရံက ယဉ်ကျေးပါတယ်
လိမ်လဲ လိမ်မာတယ် ...."
YOU ARE READING
ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)
Romance" ချစ်ခြင်းတရားတွေသာ စစ်မှန်ခဲ့လျှင် ခွဲခွာခြင်းဟူသည် ဘယ်တော့မှ မရှိနိုင်ပါ အမှန်တကယ် နီးစပ်ချင်လျှင် နည်းလမ်းမျိုးစုံရှိပါသည် မနီးစပ်ချင်၍သာ အကြောင်းပြချက်မျိုးစုံပေးပြီး ခွဲခွာကြရခြင်းပင် "