32

113 3 2
                                    

" ကဲ... ဘောပေါ်ကစာတွေကူးပြီရင် ပြောမယ်နော် ..."

" ဟုတ်ကဲ့ "

ကလေးများ၏ အသံညီညီညာက သူ့စိတ်ကိုတကယ်ပင်ရွှင်လန်းစေပါသည်

နယ်ကျောင်းဖြစ်၍ကျောင်းဆရာရှားလွန်းသော ထိုကျောင်းလေးတွင်  တစ်နေ့လုံးမထိုင်ရဘဲသင်ရရင်‌ပင်ပန်းသည်ဟုမခံစားရပါ

ကလေးများကလည်း စာလိုချင်ကြသည်
မြို့ကျောင်းက ကလေးတွေလိုမဟုတ်
သူတို့လေးတွေမှာ အိမ်အလုပ်လဲကူရသည့်အပြင် ကျောင်းစာကိုလည်း အလွန်ကြိုးစားကြသည်

တစ်နေ့တောက်ပလာမည့်ကျောက်ရိုင်းတုံးလေးတွေပင် ဖြစ်ပါသည်

" ဆရာလေး ဆရာလေးခင်ဗျ "

" ဗျာ ! "

" ဆရာလေးအိမ်မှာ ဧည့်သည်ရောက်နေတယ် "

ဧည့်သည်ဆိုပါလား !
မေမေတို့တော့မဖြစ်နိုင်ပါဘူး လာရင်ကြိုပြောမှာပေါ့
ငဇွဲကလည်း ကျောင်းဖွင့်ရက်ဆိုတော့မအားဘူး

ဒါမှမဟုတ် မောင့်ဧည့်သည်များလား
မောင်က လန်ဒန်ကပြန်မရောက်သေးဘူး
မောင့်ဧည့်သည်ပဲဖြစ်မှာပါလေ
သူ့ဆီကို လာစရာမှမရှိတာ

" ဟုတ်! ကျွန်တော်လာခဲ့မယ်ဗျ သတင်းပါးပေးလို့ ကျေးဇူးနော်"

" ရပါတယ်ဆရာလေးရာ ကျူပ်သွားပြီဗျို့"

" ဟုတ်ကဲ့  "

အခုမှ နေ့လည်ခင်းပဲရှိသေးသဖြင့် ကျောင်းလွှတ်ချိန်တော့စောင့်လို့မရတော့ပေ

ဘေးခန်းကဆရာမကိုပဲ အားနာနာနဲ့ပဲ အကူညီတောင်းရတော့မည်

" ဆရာမခင်ဗျ "

" ဟုတ်ဆရာလေး ပြောလေ "

" ကျွန်တော့်အိမ်ကို ရုတ်တရက်ကြီးဧည့်သည်ရောက်လာလို့ဗျ အဲ့တာ ဒီဘက်အခန်းလေးကို ကြည့်ပေးထားပါလို့ အကူညီတောင်းချင်လို့ "

" ရတယ်လေဆရာလေး ...ကျွန်မကြည့်ထားပေးမယ် စိတ်ဖြောင့်ဖြောင့်ထား "

" ကျေးဇူးပါဗျာ "

" ရပါတယ်ရှင် "

ကျောင်းကအလုပ်တွေကို အပြီးဖြတ်ပြီး အိမ်သို့ခပ်သွက်သွက်ပြန်လာရသည်

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now